Pages

March 23, 2013

ကမ္ဘာပူနွေးလာ၍ ရာသီ ဥတုပြောင်းလဲနေမှုအပေါ် ဂရုပြုမိစေရန် မြေကမ္ဘာနေ့ အခမ်းအနား ကျင်းပ

၂၀၁၃ ခုနှစ် မြေကမ္ဘာနေ့ အခမ်းအနားကို နိုင်ငံပေါင်း ၁၃၅ နိုင်ငံ
ကျော်တွင် မတ်လ ၂၃ ရက် ည ၈း၃၀ မှ ၉း၃၀ ထိ ၁ နာရီကြာ မီးမှိတ် ခြင်းဖြင့် ကျင်းပကြမည် ဖြစ်သည်။ 

၎င်းအခမ်းအနားကို ၂၀၀၇ ခုနှစ်မှစ၍ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုအခါ နိုင်ငံပေါင်း များစွာ ပါဝင်ကျင်းပလာကြခြင်း ဖြစ်သည်။ 

၎င်းမြေကမ္ဘာနေ့ အခမ်းအနားသည် ကမ္ဘာပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲနေမှုကို ဂရုပြုမိစေရေးအတွက် ရည်ရွယ်၍ မိနစ် ၆၀ ကြာ မီးမှိတ်ပြီး ကျင်းပကြခြင်း ဖြစ်သည်။ 

ယင်းအခမ်းအနားကို ကမ္ဘာကျော် နေရာများဖြစ်သော ပါရီမြို့ရှိ အီဖယ်မျှော်စင်၊ ဆစ်ဒနီမြို့ရှိ အော်ပရာ ပြဇာတ်ရုံ၊ India Gate၊ ၊ ဒူဘိုင်းမြို့မှ ကမ္ဘာ့အမြင့်ဆုံး အဆောက် အုံ ဘာ့ဂ်ျခါလီဖာ၊ အီဂျစ်ရှိ ပိရမစ် အစရှိနေရာ များတွင်လည်း ၁ နာရီကြာ အမှောင်ချထား၍ မြေကမ္ဘာနေ့ ကို ဆင်နွှဲခဲ့သည်ဟု သိရသည်။ 

ယခုနှစ်တွင် ကမ္ဘာပေါ်ရှိ နိုင်ငံများမှ မြို့ပေါင်း ၇၀၀၀ ကျော်မှ လူသန်းပေါင်းများစွာ ပါဝင်ဆင်နွှဲကြမည်ဟု သိရသည်။

No comments:

Post a Comment