Pages

March 23, 2013

ကျောင်းသူ/သား ၁၅၀၀၀ ခန့် တက္ကသိုလ် ၀င်တန်း စာမေးပွဲ ဖြေဆိုရန် ပျက်ကွက်

အောက်မြန်မာပြည်တွင် ၂၀၁၂-၂၀၁၃ နှစ်အတွက် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ စာရင်းရှိ ဦးရေ ၁၅၅၇၉၀ အနက် လာရောက်မဖြေသူ ၁၅၀၀၀ ကျော် ခန့် ရှိကြောင်းအမှတ်(၁) အခြေခံပညာ ဦးစီးဌာန
အောက်မြန်မာပြည်မှ သိရသည်။

ယင်းကဲ့သို့ လာရောက် မဖြေဆိုသူများတွင် ဇီဝဗေဒ ဘာသာတွဲတွင် စာရင်းရှိ ၃၁၃၅၁ တွင်  ပျက်ကွက်သူ ၁၉၁၆ ဦး၊ ဘောဂဗေဒဘာသာတွဲတွင် စာရင်းရှိ ၁၂၄၂၉၀တွင် ပျက်ကွက်သူ ၁၂၀၉၂ ဦးရှိပြီး ဝိဇ္ဇာတွဲ
ဖြေဆိုရန် ပျက်ကွက်သူ ၂၁၁၂ဦး ရှိကြောင်း သိရှိရ
သည်။

၂၀၁၁-၂၀၁၂နှစ်က အောက်မြန်မာပြည်တွင် စာရင်းရှိ ၁၅၁၁၉၆ ဦးတွင် ဖြေဆိုရန်ပျက်ကွက်သူ ၁၆၄၄၈ ဦး ရှိပြီး ပျက်ကွက်သူ ၉.၂ ရာခိုင်နှုန်း ခန့်ရှိပြီး၂၀၁၂-၂၀၁၃ ပညာသင်နှစ်နှင့် နှိုင်းယှဉ်ပါကယခုနှစ်တွင် စာမေးပွဲ လာရောက်မဖြေဆိုသူ ပိုများကြောင်း သိရသည်။

အောက်မြန်မာပြည်တွင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း တို့ ပါဝင်ပြီး ပဲခူးတိုင်းတွင် ပဲခူးတိုင်း အရှေ့နှင့် ပဲခူးတိုင်းအနောက်ဟူ၍အုပ်စုနှစ်ခု ခွဲထားကြောင်း သိရသည်။__
မြန်မာ့ခေတ်

No comments:

Post a Comment