ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအား ရုရှားသို့ လာရောက် ရန် ဖိတ်ကြားခဲ့ကြောင်း အစ္စရေးအရာရှိတစ်ဦးက ပြောကြား ခဲ့သည်ဟု ရိုက်တာသတင်းဌာနက မတ်လ ၂ဝ ရက်နေ့ တွင် ဖော်ပြခဲ့ပါသည်။
ပူတင်မှ ရုရှားသို့ လာရောက်ရန် ဖိတ်ကြားလွှာ ပေးပို့ ခဲ့ကြောင်း ပြောကြား ခဲ့သော်လည်း လာရောက် လည် ပတ်မည့် ရက်ကို ထည့်သွင်း ထားခြင်း မရှိကြောင်း အဆို ပါ အရာရှိက ပြောကြားခဲ့ပါသည်။
အဆိုပါ ဖိတ်ကြားမှုသည် အစ္စရေးသို့ အမေရိကန် သမ္မတ ဘားရက် အိုဘားမား မရောက်မီ နာရီပိုင်း အလို တွင် ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါသည်။
ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ် သည်လည်း မော်စ ကိုသို့ လွန်ခဲ့သော ရက်သတ္တပတ် အတွင်း သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

No comments:
Post a Comment