Pages

March 20, 2013

မိုင် ၂၉ဝဝ ရှိသော ခရီးရှည်ကြီးကို ၃၅ ရက်ဖြင့် ရွက်လွှင့်ကျော်ဖြတ်နိုင်သူ

အင်္ဂလန်နိုင်ငံမှ အသက် ၅ဝ အရွယ် ချာလီပစ်ချာစ် အမည်ရှိ လှေလှော်ခတ် သူတစ်ဦးသည် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ကျော်၍ မိုင် ၂၉ဝဝ ရှိသော ခရီးရှည် ကြီးကို ၃၅ ရက်ဖြင့် တစ်ကိုယ်တော် ရွက်လွှင့် နိုင်ခဲ့ပြီး မတ် ၁၄ ရက်တွင် ဘာဘေးဒိုးစ် နိုင်ငံသို့ ဖြတ်ကျော်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့သည်။

ချာလီသည် ၎င်း၏ တစ်ကိုယ်တော် ရွက်လွှင့်သည့် ခရီးစဉ်ကို အာဖရိက တိုက် အနောက် မြောက်ပိုင်းရှိ La Gomera ဒေသမှ ဖေဖော်ဝါရီ ၆ ရက် ဒေသစံတော်ချိန် ညနေ ၅ ဒသမ ဝ၅ နာရီတွင် စတင်ထွက်ခွာခဲ့ပြီး ကမ္ဘာ့ အမြန်ဆုံး လှေလှော်ခတ်သူတစ်ဦး ဖြစ်လာစေရန် ကြိုးပမ်းခဲ့သည်။

ချာလီသည် မိုင် ၂၉ဝဝ ရှိသော ရေလမ်းခရီး အကွာအဝေးကို ၃၅ ရက်ဖြင့်  လှော်ခတ် နိုင်ခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဇန်န ဝါရီလ က ရက်ပေါင်း ၄ဝ၊ ၉ နာရီ ၄၄ မိနစ်နှင့် လှော်ခတ်ခဲ့သည့် လက်ရှိအတ္တလန္တိတ် သမုဒ္ဒရာ
ဖြတ်ကျော်သည့် စံချိန်ကို ချိုးနိုင်ခဲ့သည်။

ချာလီ၏တစ်ကိုယ်တော် ရွက်လွှင့်သည့် ခရီးစဉ်ကို The Sun သတင်းစာက ကူညီ ထောက်ပံ့ခဲ့ပြီး မိုင် ၂၉ဝဝ ခရီးကို ၃၅ ရက်ဖြင့် လှော်ခတ်နိုင်သည့် အတွက် ချာလီအား The Sun သတင်းစာက စတာလင်ပေါင် ၁ဝဝဝဝဝ ချီးမြှင့်ခဲ့သည်။

ချာလီသည် ၎င်းရရှိခဲ့သော ဆုငွေကို Great Ormond Street ဆေးရုံ အတွက် မတည်ငွေအဖြစ် ပေးအပ်ခဲ့ပြီး ၎င်းမတည်ငွေဖြင့် ကလေးငယ်များ၊ ဒဏ်ရာရ မရိန်းတပ်သား(ကမ်းတက် တပ်သားများ)နှင့် ကွန်မန်ဒိုများ အား အကူအညီပေးမည်ဖြစ်သည်။

No comments:

Post a Comment