Pages

February 22, 2013

Cobra Gold စစ်ရေး လေ့ကျင့်မှု လုပ်စဉ် သုံးဦး ဒဏ်ရာရရှိ


ထိုင်းနိုင်ငံ တောင်ပိုင်း၌ Cobra Gold စစ်ရေး
လေ့ကျင့်မှု ပြုလုပ်နေစဉ် အတွင်း ဖေဖော်ဝါရီ ၂ဝ ရက်က အမေရိကန် မရိမ်းတပ်ဖွဲ့မှ ရဟတ် ယာဉ် တစ်စင်း မြေပြင်သို့ ကြမ်းတမ်းစွာ ဆင်း သက်ခဲ့ရာ ရဟတ်ယာဉ်ပေါ် လိုက်ပါ လာသူ အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဗန်
ကောက်မြို့ရှိ အမေရိကန် သံရုံးက ထုတ်ပြန် ခဲ့သည်။

စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်မည့် အမေရိကန် တပ်ဖွဲ့ဝင် များကို သယ်ဆောင် လာသော CH-46 Sea Knight ရဟတ်ယာဉ် မတော်တဆ မှုတွင် သေကျေပျက်စီး ဆုံးရှုံးမှု မရှိ ခဲ့ကြောင်း သံရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဝေါလ်တာ ဘရောင်ဖို ဟပ်လာက ပြောကြားခဲ့သည်။

မြေပြင် စစ်ရေး လေ့ကျင့်မှုတွင် အမေရိကန်
ပြည်ထောင်စု၊ ထိုင်းနိုင်ငံနှင့် အခြား နိုင်ငံများ မှ တပ်ဖွဲ့ဝင် များစွာ ပါဝင်ပြီး ယင်း စစ်ရေး လေ့ကျင့်မှုသည် အာရှ- ပစိဖိတ် ဒေသတွင် အမေရိကန်၏ အကြီးဆုံး ဘက်စုံ စစ်ရေး လေ့ကျင့်မှု ဖြစ်သည်။

ဒဏ်ရာရရှိသူ များအနက် နှစ်ဦးသည် ဒဏ်ရာ ပြင်းထန်သဖြင့် အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်ပြီးတစ်ဦး မှာ ဒဏ်ရာ ပြင်းထန်မှုမရှိကြောင်း သတင်းဌာန တစ်ခုက ဖော်ပြခဲ့ သည်။

နှစ်စဉ် ပြုလုပ်သည့် Cobra Gold စစ်ရေး လေ့ကျင့်မှုသည် ထိုင်းနိုင်ငံနှင့် အမေရိကန် တို့၏ စစ်ဘက်ဆိုင် ရာ ပူးပေါင်း ဆောင်ရွက်မှု၏ အဓိက အခန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment