Pages

February 23, 2013

သရုပ်ပျက် ၀တ်စားလာသော မြန်မာ မော်ဒယ်များ

အမြင်မတော်တော့လည်း ရေးကြည့်ချင်သည်။ သို့ပေမယ့် ဤလောကသားအားလုံးကို တိုက်ခိုက်ခြင်းလည်း မဟုတ်သ လို အပြစ်ဆို၍ တမင်ရေးသားခြင်းလည်းမ ဟုတ်ပါဘူး။ မျိုးဆက်သစ် လူငယ်လေးတွေ လမ်းမှားတွေနောက်မ လိုက်မိစေ လိုသောကြောင့်ရေး သားခြင်းသာဖြစ်ပါတယ်။ 

ဒီနေ့Facebook စာမျက်နှာနှင့် ဘလော့ဂါတစ်ချို့မှာ အ ကျယ်တ၀င့်ဖေါ်ပြပြီး ဝေဖန်မှုပေါင်းများ စွာနဲ့ကြုံရတဲ့ Myanmar Model Show တစ်ခုကြောင့် မြန်မာပြည်ကြီး ဤသို့ဖြစ်ကုန်ပြီ လား..မြန်မာ့ ယဉ်ကျေးမှု ဆိုတာကကော စာအုပ်ထဲ မှာ ပုံပြင်အဖြစ်နဲ့သာ ရှိနေခဲ့ပြီလော..ဒီလိုသရုပ် ပျက် ၀တ်စားဆင်ယင်မှုကိုကော ထိန်းချုပ်မယ့် ဥပဒေ မရှိတော့ပြီလား ဆိုပြီး တွေးမိလာပါတယ်။ 

ဒီလိုသရုပ်ပျက်မှုတွေအတွက်ပညာပေး ဆောင်းပါး ပေါင်းများစွာလည်း ဖက်ရှုဖူးခဲ့ရသလို ကိုယ်တိုင် လည်း ရေးသားဖူးပါပြီ..ဒါပေမယ့် လက်ရှိ အခြေအနေက ပိုမိုဆိုးရွာလာသောအခြေအနေ တရပ် အဖြစ် မြင်ယောင် သုံးသပ်မိပါတယ်။
 
 မော်ဒယ်လောက ကို လူငယ်တွေ ဘာလို့လျှောက်ချင်ကြသလဲဆိုရင် အနုပညာ(သရုပ်ဆောင်) ပိုင်း တစ်ခုမှာ နေရာရချင်သောကြောင့် ဤနေရာမှ အစပျိုး၍ စတင်ကြသည်ဆိုလည်းမမှားပါဘူး ...တစ်ချို့
ငွေကြေးတက်နိုင်ပြီး အရှိန်အ၀ါ(ပေါ်ပြူလာ)ဖြစ်ချင်လို့ လုပ်တာရှိသလို တစ်ချို့လည်း ၀ါသနာအရလုပ် တာရှိကြပါတယ်..တစ်ချို့ကျ ငွေကြေးမတက်နိုင်ပဲ ဒီလမ်းကြောင်းထဲမှာ ကျင်လည်ရင်း ဘ၀ပျက်သွား သူတဲ့ မော်ဒယ် များလည်း များစွာပင်ရှိပါသည်။















ဂျာနယ်တစ်စောင်မှာ မော်ဒယ် တစ်ယောက်ပြောထားတာဖက်ဖူးပါတယ်" ဘ၀ပျက်တယ်ဆိုတာ ငွေကြေး မလုံလောက်လို့ ဆပွန်ဆာရှာရင်း ပျက်စီးသွားကြတာပါ။ မော်ဒယ် ရှိုးလ် တစ်ခု တက်ဖို့ဆိုက အ၀တ်အစား အတွက် ကုန်ကျစရိတ်..ပြီးတော့ သွားလာဖို့အတွက် ကားလည်း အဆင်သင့်ရှိနေဖို့လိုပါတယ်၊ အဲဒီ အချက်တွေမရှိရင် အောင်မြင်မှု ရှာဖို့မလွယ်ကူတာကြောင့် ဆပွန်ဆာရှာရင်းကနေ တစ်ချို့ ဘ၀တစ်ခုလုံး ပုံပေးလိုက်ရတာမျိုးလည်းရှိပါတယ်" လို့ တက်သစ်စမော်ဒယ် တစ်ယောက်က ပြောထားပါသေးပါတယ်။

ဒါပေမယ့် လက်ရှိ မော်ဒယ်ရှိုးတွေအတွက်က အ၀တ်အစားဖိုး သိပ်ပြီး မလိုအပ်တော့ဘူးလို့ထင်ပါတယ်။ အတွင်းခံ ဘောင်းဘီ နဲ့ ဘော်လီ တစ်ထည်ရှိရုံဖြင့် မြန်မာ့မော်ဒယ်လောကကို ၀င်ရောက်နိုင်ပြီဖြစ်ပါတယ်။ အခုလို ၀တ်စားဆင်ယင်လာတာကို ခွင့်ပြုတဲ့ မိခင် များကိုပါ အံ့သြမိတာ အမှန်ပါ။ အဖေရှေ့ အမေ ရှေ့ တွင် အတွင်းခံ ဘောင်းဘီနဲ့ သွားလာရတာ မရှက်မကြောက်ဖြစ်လာတဲ့ မြန်မာမော်ဒယ်များ၏ ခံယူချက် သည်ကား ခေတ်လွန်ဝတ်စားဆင်ယင်မှုကို ဖော်ကျူးနေတာပဲဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲ ၀တ်စားပြီး ပြိုင်နေကြတာပဲလို့ မပြောပါနဲ့လား ...အရင်ဆုံးသိထားရမှာက ငါနေထိုင်နေတာ မြန်မာနိုင်ငံ ဆိုတာပါပဲ....ပြီးတော့ လက်ရှိ လူငယ်တွေက ပြောလိုက်ရင် "ဒီမိုကရေစီခေတ် ရောက်နေတာတောင် အတွေးခေါင်နေသေးတယ်" တဲ့..အတွေးခေါင်တာမဟုတ်ပါဘူး...တကယ်ဒီမိုကရေစီဆိုတာကို နားမ လည်ကြတာက ဒီလို သရုပ်ပျက် မော်ဒယ်လောကသားတွေပါပဲ...ဒီမိုကရေစီ ဆိုတဲ့ စကားလုံးကို ခုတုံး လုပ်ပြီး သရုပ်ပျက်နေထိုင် သရုပ်ပျက် ၀တ်စားလာကြတာဟာ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အရေးကိစ္စဖြစ် လာကြတယ်ဆိုတာလည်း သိထားသင့်ပါတယ်။

 ဖေါ်မှ လှတာမဟုတ်ပါဘူး...မဖေါ်နဲ့လို့လည်းမတားပါဘူး...သင့်တင့်ယောက်ပက်အောင်တော့ ဖေါ်ပါ။ မလွန်စေနဲ့ပေါ့။ အဲဒီကိစ္စနဲ့ပက်သက်ပြီး မင်းသမီးတစ်ယောက်က လည်း တုံ့ပြန်ပြောဆိုထားပါသေး တယ်(နာမည်ကိုတော့ ထည့်မပြောတော့ပါဘူး)" ဖေါ်တိုင်း အကျင့်ပျက်တာမဟုတ်ပါဘူး ..ခေတ်နဲ့ ညီအောင်တော့ လိုက်ပြီး ၀တ်စားတာပဲလေ...ဒါကို ရိုင်းတယ်လို့လည်း မဆိုနိုင်ပါဘူး..အားလုံး က နိုင်ငံတကာနဲ့ယှဉ်နေတာဆိုတော့လေ..ဘာပဲပြောပြော sexy ကျကျနေထိုင်တာလေး သဘောကျမိတယ်"

ကဲဗျာ ခေတ်ကို အပြစ် ပုံချပြီး အဲလိုပြောသွားတော့ သူ့ပရိတ်သက်တွေလည်း အတုယူပြီး ချွတ်ပြကြတာ ဆန်းကြယ်မယ်မထင်ပါဘူး...လမ်းပြတွေကမှ အကျင့်မကောင်းတာ..လမ်းပြမကောင်းတော့ နောက် လိုက်တွေလည်း မဖြောင့်နိုင်တော့ဘူးလေ...ကျွန်တော် ထင်ပါတယ် နောက် ၁၀ နှစ်အတွင်းမှာ မြန် မာနိုင်ငံတော်ကြီးဟာ သရုပ်ပျက်ဝတ်စားမှု ထိပ်ဆုံးနိုင်ငံထဲမှာပါလာလိမ့်မယ်လို့...ဒီအတွက်လည်း တာဝန်ရှိသူတွေအနေနဲ့ ဥပဒေတရပ်ပြဌာန်းသင့်တယ်လို့ထင်တယ်။ 

ဥပမာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းမှာဆို ကျောင်းသူတွေကို ဆံပင်အရှည်မထားရဘူး..လည်ပင်း ကုတ်လောက်သာထားခွင့်ရှိတယ်(၂၀၁၃ မှာ ဒီဥပဒေကို ပြင်ဆင်လိုက်ပြီလို့ သိရပါတယ်)အဲလို ဥပဒေမျိုး ကာလရှည်စွာ ချမှတ်ခဲ့တယ်။ 

ထိုနည်းတူပဲ မလေးရှားနိုင်ငံမှာဆိုရင်လည်း မလေးမိန်းခလေးတွေဟာ အပြင်သွားရင် ခေါင်းမြီးခြုံထား တဲ့ဟာမပါရင် ရဲကဖမ်းဆီးစစ်ဆေးခွင့်ရှိသလို ထောင်ဒဏ်လည်းကျခွင့်ရှိတဲ့ ဥပဒေ တစ်ရပ်ကို ခုထိ ကျင့်သုံးနေဆဲလို့ စာရေးသူ အသိတစ်ယောက် ပြောပြလို့ သိရပါတယ်။ ဒီတော့ မျိုးရိုးစဉ်ဆက် ယဉ်ကျေးပြီး ခြေမျက်စိ မပေါ်အောင် ၀တ်စားလာတဲ့ ကျွန်တော်တို့ မြန်မာမိန်းခလေးတွေဟာ အခု လူမြင်ကွင်း ပြိုင်ပွဲကြီးတွေမှာ သားနှင့် အမေ..အဖေ နဲ့ သမီး မကြည့်ရဲအောင်ပဲ ၀တ်စားဆင်ယင်ပြီး ဓါတ်ပုံတွေရိုက်ခံ ..ရုပ်သံတွေမှာ ပါအောင် ဖေါ်ပြ ချွတ်ပြပြီး သရုပ်ပျက် အလှအပတွေကို ထုတ်ဖေါ်ပြ သနေခြင်းဟာ နိုင်ငံ ကို စော်ကား တာနဲ့တူသလို အဘိုး အဘေး တွေကိုလည်း စော်ကားနေ တာနဲ့တူတယ်လို့ စာရေးသူ မြင်မိပါတယ်။

ရှိပါသေးတယ်..တစ်ချို့ မော်ဒယ်ရူးလေးတွေလည်း...ပြိုင်ပွဲထိ မရောက်သေးပဲ နာမည်ရချင်နေတာကြောင့် အဖေါ်အချွတ် ပုံတွေရိုက်ပြီး မြန်မာမော်ဒယ်များ ဆိုတဲ့ ဆိုဒ်နဲ့ ဘလော့ဂါ တွေဆီကို ပုံတွေ ပေးပို့ ကြော်ငြာ ခိုင်း ..မိမိ facebook စာမျက် တွေမှာ မရှုမလှ ကြည့်ရန်မသင့်တောင်လောက်အောင် ပုံတွေကို ဂုဏ်ယူ ၀င့်ကြွားစာ တင်ပြပြီး ဂုဏ်ယူနေတဲ့ ဘေးလွယ်အိတ်မော်ဒယ်ရူး မြောက်မြားစွာ လည်း တွေ့နေရပါတယ်။ ဒီတော့ မြန်မာ မိန်းခလေးတွေအနေနဲ့ အနုပညာ ဆိုတဲ့ စကားကို ဗန်းပြ ..ဒီမိုကရေစီ ဆိုတဲ့ စကားကို ဖင်ခုထိုင်ပြီး သရုပ်ပျက် ၀တ်စားဆင်ယင်မှုမျိုးကို အတက်နိုင်ဆုံး ရှောင်ကြည်သင့်တယ်လို့လည်း မြင် မိတွေးမိပါတော့တယ်။
 
မော်ဒယ် ရူးလေး ရူးပြီး ဘ၀ မပျက်မိစေဖို့နဲ့ နိုင်ငံဂုဏ်ရည်ညှိုးနွမ်းအောင် မလုပ်မိစေဖို့ မြန်မာမော်ဒယ်ပေါက်စလေးများသို့ ပန်ကြားအပါတယ်ခင်ဗျာ................

70 comments:

  1. တကယ်ပါပဲ
    Hollywood ကိုမှီဖို့ ဒီလိုဝတ်စရာမလိုဘူးထင်တယ်
    မြန်မာတွေစတုတဲ့ ကိုရီးယားမှာတောင် ပေါင်တိုဝတ်ရင် ဒဏ်ရိုက်နေပြီ
    ပြီတော့ စည်းမဲ့လာတဲ့ မြန်မာစုံတွဲတွေ အကြောင်းလည်းရေးပါဦး ဆရာရဲ့

    ReplyDelete
  2. မိမိကိုယ် မိမိဟုတ်လှ ပြီးထင်နေကြ တယ်နဲ့ တူတယ်။

    ReplyDelete
  3. အမေစု ဒီအတိုင်းပဲကြည့်နေတော့မှာလား

    ReplyDelete
  4. That really good article! whatever the world has being advance media and western culture, but Myanmar has its own culture. we should be appreciate our own tradition culture.

    ReplyDelete
  5. အခုခေတ်မိန်းကလေးတွေကအရမ်းခေတ်ဆန်ပြီးတော့အရမ်းလည်းရိုင်းလာကြတယ်သူတို့ကသူများနိုင်ငံကအတုတွေကိုခိုးကြတယ်အဲဒါကြောင့်မြန်မာလူမျိုးတွေဟာတဖြည်းဖြည်းနဲ့ပျောက်ကွက်သွားနိုင်ပါတယ်

    ReplyDelete
  6. မြန်မာဆန်လည်းလှတဲ့ဟာကို နော်

    ReplyDelete
  7. ကိုကိုဟုပ်လုပြီးထင်နေကြတာပါ

    ReplyDelete
  8. ကိုယ်ကိုဟုတ်လုပြီးထင်နေကြတာပါဒီလိုမျိုတွေဘာဖြစ်သွာတာလဲ

    ReplyDelete
  9. ကိုကိုဟုပ်လုပြီးထင်နေကြတာပါ

    ReplyDelete
  10. ဟုတ်တယ်...သနပ်ခါးပါးကွက်ကြားလေးတွေကတောမှာတောင်သိပ်မတွေ့ရတော့ဘူးနော်...တို့မြို့ကဟာတွေကတော့ပြောမနေပါနဲ့တော့ဗျာ.....

    ReplyDelete
  11. ကြက်သရေကိုမရှိဘူး

    ReplyDelete
  12. ကောင် မလေးတွေသတိထားနော်

    ReplyDelete
  13. ​ကောင်းတယ်​ကွာ

    ReplyDelete
  14. သူတို့ပဲ သွားရည်တများများ ပြီးတော့ သူတို့ပဲ မကောင်းပြော
    ကဲ ရုရှားကို သွားပြိုင်တော့မယ် ၊ ဘာပြောချင်သေးလဲ..၊
    မြငိချင်တာမမြင်ရရင် ပြောချင်တာ အားမနာတမ်းပြောကြတဲ့နှာဗူးတွေ....

    ReplyDelete
  15. မြန်မာ ပျက်ပြီးဆို ဘယ်သူမှလိုက်မမှီဘူးကွ ဒါမှ မြန်မာကွ-:)

    ReplyDelete
  16. ဒါမှ မြန်မာကွ မြန်မာတွေ အကျင့်ပြက်ပြီဆို ဘယ်သူမှ လိုက်မမှီတော့ဘူး ဒါမှ မြန်မာ-:)

    ReplyDelete
  17. မြန်မာ ပျက်ပြီးဆို ဘယ်သူမှလိုက်မမှီဘူးကွ ဒါမှ မြန်မာကွ-:)

    ReplyDelete
  18. မြန်မာတွေအဲ့ဒိလောက်သရုပ်ပြက်နေပြီလား

    ReplyDelete
  19. ကျမကမိန်းကလေးတစ်ယောက်ပါ ဒါပေမဲ့ဒီလိုဝတ်စားဆင်ယဉ်တာတော့လုံးဝ မကြိုက်ပါဘူး။ပိာုစကားပုံလိုပေါ့ (ယိုသူမရှက် မြင်သူရှက်) ဆိုသလိုပေါ့

    ReplyDelete
  20. ကျမက မိန်းကလေး တစ်ယောက်ပါ။ဒါပေမဲ့ ဒီလိုဝတ်စားဆင်ယဉ်ထားတာကို လုံးဝသဘောမကျဘူး။
    ပိာုစကားပုံလိုပေါ့ ( ယိုသူမရှက် မြင်သူရှက်) ဆိုသလိုပေါ့။

    ReplyDelete
  21. သူများ ၀တ်ချင်လို့ ၀တ်တာပဲလေ
    ကိုယ် ၀တ်ချင်ရင်လဲ ၀ယ်ဝတ်ပေါ့
    သူများ သမီး ပြောစရာလား
    သူများ အကြောင်း မှတ်ချက်တွေ ကောက်ချက်တွေ ချနေတဲ့သူတွေ
    မြန်မာတို့ဗီဇကို ပြနေသလိုပဲ ဟယ်ဟယ် ပြောသူက ပိုဆိုးတယ် သူတို့ထက်

    ReplyDelete
  22. သား/သမီး ၊ နှမချင်း ကိုယ်ချင်းမစာမနာ ကောက်ချက်တွေ မချကြပါနဲ့ဗျာ ဟယ်ဟယ် ၀တ်ချင်ရင် ၀ယ်ဝတ်ပေါ့ သူများ ၀တ်ချင်လို့ ၀တ်တာကို

    ReplyDelete
  23. နိုင်ငံတကာ အဆင့်မှီအောင် ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်အောင်ဆိုပြီး မြန်မာ့ အလှ ကမ္ဘာကသိအောင် ချွတ်ပြနေကြတာပေါ့ မြန်မာ့အလှ ကမ္ဘာမှာနံပါတ်တစ် ဖြစ်ဖို့  ယဉ်ကျေးမူ့ တွေထိမ်းသိမ်းကြပါစို့ 

    ReplyDelete
  24. ၀တ်ချင်လို့ဝတ်တာကိုလက်ခံတယ် ဒါပေမယ့်နိုင်ငံကိုယ်စားပြုဆိုတာတော့မသုံးနဲ့လေ မြန်မာတွေကချွှတ်ပြပြီးမှ ကမ္ဘာမှာမြန်မာဆိုတာဖြစ်လာတာမဟုတ်ဘူး မြန်မာဂုဏ်ကိုသိက္ခာရှိရှိထိမ်းလာတယ့်မြန်မာတွေကိုလည်းနည်းနည်းထည့်စဉ်းစားဦးလေ

    ReplyDelete
  25. ပိုက်ဆံ ချမ်းသာ

    ReplyDelete
  26. သူတို့တွေလဲကောင်းမယ်ထင်လို့နေမှာပါဒါပေမယ့် နဲနဲတော့်ရှော့စေချင်တယ်

    ReplyDelete
  27. ကောင်းမယ်ထင်လို့လုပ်တာဆိုပေမယ့် နဲနဲတော့်ဆင်ခြင်ကြပါအုံးဟေ့

    ReplyDelete
  28. ကောင်းတယ်ထင်လို့လုပ်တယ်ဆိုပေမယ့်နဲနဲတော့်ဆင်ခြင်ကြပါအုံးဟေ့

    ReplyDelete
  29. ကြိုက်တယ်ဗျာ

    ReplyDelete
  30. နိုင် ငံ မှား ပြီး ရောက် လာ တယ် တယ်

    ReplyDelete
  31. နိုင် ငံ မှား ပြီး ရောက် လာ တယ် ထင် တယ်

    ReplyDelete
  32. မသင့်တော် တာမဝတ်သင့်ပါဘူး

    ReplyDelete
  33. 969ဘယ်ရောက်နေတလဲး?

    ReplyDelete
  34. ပြောလို့မကောင်းပါဘူးဗျာ - မြန်မာနိုင်ငံသူတွေရဲ့ ရေကူးဝတ်စုံ စံပြ မော်ဒယ်က နန်းခင်ဇေယျာပါ သူ့နောက်ပိုင်းမှာ မိန်းကလေးတော်တော်များများ ရေကူးဝတ်စုံနဲ့ မော်ဒယ်လျှောက်ဘို့ ရဲတင်းလာခဲ့တယ် ထင်ပါတယ် - တရားဝင် အသိအမှတ်ပြုပေးလိုက်သလိုဖြစ်ခဲ့ပါတယ် နန်းခင်ဇေယျာကို ဝေဖန်အပြစ်တင်တာမဟုတ်ပေမဲ့ အဲ့သဘောဖြစ်သွားရင် ခွင့်လွှတ်ပါ နန်းခင်ဇေယျာက နိုင်ငံတကာပြိုင်ပွဲမှာ ၀တ်ခဲ့တဲ့ ၀တ်စုံက အခုမြန်မာနိုင်ငံမှာ မိန်းကလေးတွေကို လွှမ်းမိုးသွားခဲ့ပါပြီ

    ReplyDelete
  35. ပြောလို့မကောင်းပါဘူးဗျာ - မြန်မာနိုင်ငံသူတွေရဲ့ ရေကူးဝတ်စုံ စံပြ မော်ဒယ်က နန်းခင်ဇေယျာပါ သူ့နောက်ပိုင်းမှာ မိန်းကလေးတော်တော်များများ ရေကူးဝတ်စုံနဲ့ မော်ဒယ်လျှောက်ဘို့ ရဲတင်းလာခဲ့တယ် ထင်ပါတယ် - တရားဝင် အသိအမှတ်ပြုပေးလိုက်သလိုဖြစ်ခဲ့ပါတယ် နန်းခင်ဇေယျာကို ဝေဖန်အပြစ်တင်တာမဟုတ်ပေမဲ့ အဲ့သဘောဖြစ်သွားရင် ခွင့်လွှတ်ပါ နန်းခင်ဇေယျာက နိုင်ငံတကာပြိုင်ပွဲမှာ ၀တ်ခဲ့တဲ့ ၀တ်စုံက အခုမြန်မာနိုင်ငံမှာ မိန်းကလေးတွေကို လွှမ်းမိုးသွားခဲ့ပါပြီ

    ReplyDelete
  36. မုဒိန်းမှုဖြစ်ရင်တရားမဆွဲရလို့ဥပဒေပြဋ္ဌာန်းပေးလိုက်ပါ

    ReplyDelete
  37. ဦးနှောက် ဂုပ် ကပ်နေလို့ပါ
    ဆာလာ အိပ် ဝတ်တောင် အမြင်တော်သေး

    ReplyDelete
  38. ဒီနေ့ ခေတ်
    မြန်မာလူငယ်တွေ အတွေးမှားအမြင်မမှားဖို့  ပညာပေးဆောင်းပါးတွေ
    ရေးနိုင်ပါစေ .....လိုအပ်နေပြီ...

    ReplyDelete
  39. မယုံချင်ဘူးဆိုပေမယ် မျက်မြင်ကိုယ်တွော့ဖြစ်နေတော့ မတတ်နိုင်တော့ပါဘူး မြန်မာလူမျိုးမဟုတ်ဘူးလို့သတ်မှတ်လိုက်ချင်တော့တယ်

    ReplyDelete
  40. မြန်မာဖြစ်ပြီးသူတို့မရှက်ပေမဲ့ကျွန်တော်ရှက်တယ်

    ReplyDelete
  41. ဘာပြန်ပြောရမှန်းတောင်မသိတော့ဘူးဗျာ


    ReplyDelete
  42. "မ"ဖြတ်ရင်ပြည်ပျတ်တယ်လို့စကားပုံရှိတယ်
    မြန်မာမိန်းကလေးတွေဒီလိုသာလုပ်နေရင်တစ်နေ့ခက်ကုန်လိမ့်မယ်ထင်တယ်စဉ်းစာကြည့်ကျပါမြန်မာတွေယဉ်ကျေးတယ်စိုတာဒါမျိုးမဟုက်ပါကာယကံရှင်တွေတွေ့မြင်နိုင်ပါစေသိရင်လဲပြင်ကြပါ

    ReplyDelete
  43. ကန့်သတ်ချက်လေးတွေရှိရင် ကောင်းမယ်

    ReplyDelete
  44. အခုပုံစံအတိုင်း ဆက်သွားမယ်ဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှုဟာ နောင်နှစ်ပေါင်းများစွာအတွင်း ပျက်စီး ပျောက်ကွယ်သွားလိမ့်မယ် မယုံမရှိနဲ့နော် တကယ်ဖြစ်မှာ cmt က တစ်ယောက် ပြောသလိုပါပဲ မြန်မာမတွေ စင်မြင့်ပေါ်မှာ ဘီကီနီ ၀တ်ရဲအောင် စံပြက နန်းခင်ဇေယျာ
    ဇာတ်ဝင်ခန်းထဲမှာ အတိုအပြတ်ဝတ်ရဲအောင်စံပြကေ၇ွှမှုံရတီ သူတို့နောက်ပိုင်းမှာ ခေတ်က တော်တော်လေးပျက်သွားတယ် သူတို့ဘာအတွက် နာမည်ကြီးလာလည်း တော့ မသိဘူး သေချာတာကေ၇ှ့ဆောင်မကောင်းလို့ မြန်မာမလေးတွေ ပျက်စီးကုန်ကြပြီ မကောင်းတဲ့နေရာမှာ လူတွေက ပိုပြီးအတတ်မြန်တယ်လေ။ ဟုတ်တယ်မလား ဘာပဲပြောပြော မြန်မာ့ယဉ်ကျေးမှု မပျက်စီးစေချင်ဘူး
    ခေတ်သမီးပျို (မကွေး)

    ReplyDelete
  45. မပူပါနဲ့ ဗျာ မြန်မာဆိုတာ ပျောက်ကွယ်သွားမှာပါပဲ

    ReplyDelete
  46. မြန်မာ မိန်းခလေး သတိထားပါ နာဖူးတွေ ကြည့်နေသည်

    ReplyDelete
  47. ရွှနေတာလင်လိုနေခြင်လို့နေမှာပေါ့
    ပုံ Zero Hacker

    ReplyDelete
  48. အာလုံးကိုလေစာတယ်ကွာ

    ReplyDelete
  49. အာလုံးကိုလေစာတယ်ကွာ

    ReplyDelete
  50. ကောင်မလာခဲ့ပါလာ

    ReplyDelete
  51. လိုးလိုက်လိုကတော့

    ReplyDelete
  52. လိုးလိုက်လို့ကတော့

    ReplyDelete