လူမိုက်။ "ဟေ့ကောင် မင်းဘာဖြစ်လို့ငို နေတာလဲကွာ အရက်လေး တခွက် တောင်နှမြော
နေတယ်၊ မပူပါနဲ့ ငါပြန်ဝယ်ပေးပါ့မယ် ယောက်ျားမဟုတ်တဲ့အတိုင်းပဲ`
လူရွယ်။ မဟုတ်ဘူးဗျ ကျွန်တော်အရေးကြီးတဲ့အစည်းအဝေးတခုကို နောက်ကျခဲ့လို့ မန်နေ ဂျာ ကြီးက ကျွန်တော်ကို အလုပ်ထုတ်လိုက်တာကွ။ ဒါနဲ့ စိတ်ဆိုးဆိုးနဲ့ ပြန်ထွက် လာတော့ လမ်းဘေးမှာ ရပ်ထားတဲ့ ကား အခိုးခံလိုက်ရပြန်တယ်။
လူမိုက်။ ဒါလေးများကွာ တခြားအလုပ်တခုကို ရှာပေါ့ ပြီးတော့ ခင်ဗျားက ပိုက်ဆံချမ်းသာပုံ ရတယ် နောက်ထပ်ကားအသစ်တစင်း ၀ယ် ပေါ့ကွ
လူရွယ်။ ကျွန်တော့်ဒုက္ခက ဒါနဲ့တင် မပြီးသေးဘူးကွ အိမ်ပြန်ရောက် တော့ ကျွန်တော့်ဇနီး က တခြား ငနဲတကောင်နဲ့ ချစ်ရည်လူးနေကြတယ်လေ
လူမိုက်။ အော် မိန်းမ! မိန်းမ! သစ္စာမရှိတဲ့ မိန်းမပဲ
လူရွယ်။ ဒါနဲ့ စိတ်ညစ်ညစ်နဲ့ ဒီအရက်ဆိုင်ထဲ ၀င်လာတာ ခုတော့ မသေရပဲနဲ့ ထောင်ကျ ရတော့မယ်
လူမိုက်။ အော် ဖြစ်မှ ဖြစ်ရလေခြင်း ကဲ.....ပြောစမ်းပါအုံး.....ဘာကြောင့်သေချင် တာလဲ...? ဘာကြောင့်ထောင်ကျရမှာလဲကွာ....? အဓိပါယ်မရှိတာကွ.....။
လူရွယ်။ ဟုတ်တယ် ကျွန်တော်ထောင်ကျရတော့မယ် ကိုယ့်ကိုယ် အဆုံးစီရင် ဖို့ အသင့်ဖျော်ထားတဲ့ အဆိပ် ခင်ဗျားပဲ မော့သောက်လိုက်တာလေ။
လူမိုက်။ ဗျ.......................................အဆိပ်ခွက်...............?
ကြည်လှဟန်
No comments:
Post a Comment