ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် မြန်မာ အစိုး ရ တပ်မ ၈၈
စစ်သားတစ်ဦးမှ ခဆန် (Hka San)
ကျေးရွာမှ ကလေး ၃ ယောက် မိခင် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံ များပြောသည်။
ကျေးရွာမှ ကလေး ၃ ယောက် မိခင် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံ များပြောသည်။
အင်အား ၅၀ ခန့်ရှိသော အစိုးရတပ်ဖွဲ့သည် ကား မိုင်း နှင့်
မိုးကောင်းကြားရှိ ခဆန် (Hka San) ကျေး ရွာတွင် ၀င်ရောက်လာချိန် အောက်တိုဘာလ
၃၀ ရက်နေ့တွင် ထိုအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့ခြင်း
ဖြစ်ကြောင်း ဒေသခံများပြောသည်။
ဖြစ်ကြောင်း ဒေသခံများပြောသည်။
ယခုချိန် ကားမိုင်းနယ်မြေတွင် လှုပ်ရှားနေသော အစိုးရတပ်ဖွဲ့များသည်
ကချင်အမျိုးသမီးများကို အဓမ္မပြု ကျင့်ခြင်း သာမက ဒေသခံ ယောင်္ကျား မိန်းကလေး
မရွေး စစ်ဆေးမြေးမြန်းပြီး နှိပ်စက်မှုများ၊ ကြိုက်ရာ ပစ္စည်း
လုယက်မှုများပြုလုပ်နေကြောင်းသိရသည်။
ထိုသို့ အစိုးရစစ်သားများဖမ်းဆီးနှိပ်စက်မှု အမျိုးမျိုးကြောင့် ခဆန်
နှင့် အနီးတ၀ိုက်မှ ကချင်ကျေးရွာပြည်သူ များသည် ရွာပြင်သို့ထွက်ရန်
စိုးရိမ်ကြောက်လန့်နေပြီး ယခုချိန် ပွင့်လင်းရာသီဖြစ်၍ သစ်သီးဝလံနှင့်
လယ်ယာ စပါး ရိတ်သိမ်းချိန်ဖြစ်သော်လည်း စပါးများရိတ်သိမ်းဖို့သွားရန်
ကြောက်နေကြောင်း သိရသည်။
အစိုးရကျောင်းသူ/သားများအတွက်လည်း အောက်တိုဘာ
သီတင်းကျွတ်ကျောင်းပိတ်ပြီးနောက် နိုဝင်ဘာလ ၅ ရက်နေ့မှ
ကျောင်းပြန်ဖွင့်ပြီဖြစ်သော်လည်း အစိုးရစစ်တပ်ဖွဲ့များ
လှုပ်ရှားနေခြင်းကြောင့် ခဆန် (Hka San) ကျေးရွာနှင့် အနီးတ၀ိုက်
ကျေးရွာများတွင် မူလတန်းကျောင်းများ မဖွင့်နိုင်သေးကြောင်း
ဒေသခံ များမှသိရသည်။
ယခုလိုရွာထဲသို့ အစိုးရတပ်ဖွဲ့များဝင်ရောက်လာသောကြောင့်
၎င်းကျေးရွာဒေသခံများအားလုံးသည် နီးစပ် ရာ ကျေးရွာများဖြစ်သော နားဟိုင် ခေါ်
နမ်ရှဲန် (Nam Sheng) ရွာသို့ ထွက်ပြေးတိမ်းရှောင်လာပြီး ထိုကျေးရွာ ရှိ
ရိုမန်ကက်သလစ်ဘုရားကျောင်းတွင် ခိုလုံနေကြောင်း
ကားမိုင်းဒေသခံတစ်ဦးပြောသည်။
နားဟိုင်ရွာတွင် ထွက်ပြေးရောက်ရှိနေသော ဒုက္ခသည်များသည် အိမ်ခြေ ၅၇ မှ
လူဦးရေ ၃၀၀ ကျော်ဖြစ်
ကြောင်း သိရသည်။ ယခုချိန် ၎င်းတို့အား ခရစ်ယာန်အသင်းတော်များမှ အစားအသောက်နှင့် နေစ ရာ နေရာ များကို စီစဉ်ပေးနေကြောင်း သိရသည်။
ကြောင်း သိရသည်။ ယခုချိန် ၎င်းတို့အား ခရစ်ယာန်အသင်းတော်များမှ အစားအသောက်နှင့် နေစ ရာ နေရာ များကို စီစဉ်ပေးနေကြောင်း သိရသည်။
အခက်ခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် UN ကူညီရေးအဖွဲ့များထံလည်း ဆက်လက် အကူအညီ တောင်း ထားကြောင်း သိရသည်။ http://kachinnews.com/burmese/news

No comments:
Post a Comment