Pages

November 12, 2012

ကမန် တိုင်းရင်းသား မှတ်ပုံတင်ဖြင့် နှစ်သိန်းကျော်ရှိ ကမန်စစ်စ် ၃သောင်းသာဖြစ်

ရခိုင်ပြည်နယ် အတွင်း မှီတင်းနေထိုင်နေကြသော ကမန်တိုင်းရင်းသား လူမျိုး အရေအတွက်မှာ သုံးသောင်းခန့်သာရှိသော်လည်း ကမန် တိုင်းရင်း သား အမည်ဖြင့် နိုင်ငံသား စိစစ်ရေး ကဒ် ရယူ ထားသူမှာ နှစ်သိန်း (၂၀၀၀၀၀) ကျော် ရှိကြောင်း ကမန် တိုင်းရင်း ခေါင်းဆောင် တစ်ဦးက ပြောသည်။

ဘီဘီစီ၏ နိုဝင်္ဘာလ ၁၁ ရက်နေ့က ထုတ်လွှင့်သော  မြန်မာ့အရေး ကမ္ဘာ့အရေး ဆွေးနွေးခန်းတွင် ကမန်တိုင်းရင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးတင်ငွေက ထိုသို့ ထုတ်ဖေါ် ပြောကြား လိုက်ခြင်း ဖြစ်သည်။

” ဦးတင်ငွေ အဲတာ တော်တော်များလား။  ပြဿနာဖြစ်လောက်အောင် ဖြေရှင်းလောက်အောင် အဲဒါ မသမာပြီးတော့ တိုင်းရင်းသားလုပ်ထားတာ ရှိပါသလား” ဟု ဘီဘီစီမှ မေးမြန်းရာ ဦးတင်ငွေက ယခုလို ဖြေကြားသည်။

“ ကျွန်တော်တို့ ကမန် လူဦးရေက ပျူးဝါး ( Pure) ၃၀၀၀၀ ၀န်းကျင်လောက် ရှိမယ်လို့ ထင်ပါတယ်။ ကမန် မဟုတ်ဘဲ ကမန် နာမည်နဲ့ နိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားတာက ၂ သိန်းကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်” ဟု ဦးတင်ငွေက ဆိုသည်။

၎င်းပြင် ဦးတင်ငွေမှ “ ကျွန်တော်တို့သိတာက ဒီ အပြင်က ၀င်လာတဲ့ လူတွေလည်းရှိပါတယ်။ ဒီမှာ နိုင်ငံသား ဖြစ်မှု မဖြစ်မှု ဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့ ကမန်တိုင်းရင်းသားတွေကို နိုင်ငံသား စီစစ်ရေးကဒ်ပြား ထုတ် ပေးတဲ့အပေါ်မှာ ကမန်မဟုတ်တဲ့လူတွေကလည်း သက်ဆိုင်ရာ လ၀ကတွေ နဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ ဒီကဒ်တွေ ကိုင်ထားတာတွေလည်း တွေ့နေရပါတယ်” ဟု ဆို သည်။

ကမန် တိုင်းရင်းသား နာမည်ဖြင့် ကမန်မဟုတ်သူ  ပြင်ပမှ ကဒ်ကိုင်ဆောင်ထားသူများ မှာ မြန်မာနိုင် ငံ လူဝင်မူ ကြီးကြပ်ရေးဌာန တာဝန်ရှိသူများကို ငွေပေးပြီး ကိုင်ဆောင်ထား သူ ဖြစ်ကြကြောင်း ဒေသအတွင်းက လာသော သတင်းများတွင် ဖေါ်ပြသည်။

မြန်မာနိုင်ငံတွင် အစ္စလာမ် ဘာသာဝင် ကမန် လူမျိုးအား တိုင်းရင်းသား လူမျိုးစု တစ်ခု အဖြစ် သတ်မှတ်ထားပြီး နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ထုတ်ပေးထားရာ တချို့ နိုင်ငံသား ကဒ်ပြား ကိုင်ဆောင်ခွင့် မရသူများမှ ကမန်တိုင်းရင်းသား အမည်ဖြင့် နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ရယူ ကိုင်ဆောင်နေကြသည်ဟု ဆိုသည်။

သို့သော် ဆွေးနွေးပွဲတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် ကြံ့ခိုင်ရေး ပါတီ မောင်တောမြို့နယ် ပြည်သူ့ လွှတ်တော် မွတ်ဆလင် အမတ် ဦးဌေးဝင်းကမူ ဦးတင်ငွေ ပြောသော တိုင်းရင်းသား အမည်ခံပြီး ပြင်ပမှ လူပေါင်း (၂) သိန်းထိ နိုင်ငံသား ကဒ် ပြုလုပ်ထားသည်ဆိုသော ကိန်းဂဏန်း အပေါ် သူအနေဖြင့် မယုံကြည်ကြောင်း ဘီဘီစီကို  ပြန်လည် ဖြေကြား ပြောဆိုသွားသည်။
 http://www.narinjara.com/burmese/?p=3046

No comments:

Post a Comment