ဒေါ်လာတစ်ရာ ထည့်သွင်းပြီး ကား တင်သွင်း ရန် နိုင်ငံခြားငွေ စာရင်းဖွင့်လှစ်နိုင်
နိုင်ငံခြားငွေစာရင်း ဖွင့်နိုင် သည့် ဘဏ်များတွင် မေလ ၁၄ ရက်နေ့ မှ စတင်ကာ ဒေါ်လာတစ်ရာ ထည့်သွင်းပြီး ကား တင်သွင်းရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင် မည်
ဖြစ် ကြာင်း မြန်မာ့နိုင်ငံခြား ကုန် သွယ်မှုဘဏ်မှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။
ယင်းဆုံးဖြတ်ချက်ကို မေလ ၁၁ ရက်နေ့ ညနေပိုင်းက ၎င်း တို့ဘဏ်သို့ အကြောင်းကြား ထားသဖြင့် လာမည့်
မေလ ၁၄ ရက်နေ့ (တနင်္လာနေ့) တွင် စတင် အကောင် အထည် ဖော်မည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
“တနင်္လာနေ့ ကစပြီး လူတိုင်းရပြီ။ ဝန်ထမ်းထဲ ကလည်း ဖွင့်ချင်တဲ့သူတွေ ဖွင့်ကြမှာ” ဟု ယင်း ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်သည့် ဘဏ်များမှာ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေး ဘဏ်နှင့် မြန်မာ့ စီးပွားရေးဘဏ်တို့ ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များတွင် ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း အဆိုပါ ဘဏ်များထံမှ စုံစမ်းသိရှိ ရသည်။
0 မှတ်ချက်များ for "ဒေါ်လာတစ်ရာ ထည့်သွင်းပြီး ကား တင်သွင်း ရန် နိုင်ငံခြားငွေ စာရင်းဖွင့်လှစ်နိုင်"