သတင်းထောက် ယဉ်ယဉ်သိန်း (နဘား) တရားစွဲ ခံရခြင်း
ယခုတစ်လောအတွင်း သတင်းဂျာနယ်များ အပေါ်တရား စွဲဆိုမှုများ
စဉ်ဆက်မပြတ်ဖြစ်ပေါ်လျက် ရှိသည်မှာ ထူးခြားမှုဖြစ်စဉ်များဟု
ပြော ဆိုသုံးသပ်လျက်ရှိနေ ကြသည်။
Hot News ဂျာနယ် ၊ မော်ဒန်ဂျာနယ် ၊ The Voice ဂျာနယ် ၊ လျှပ်တစ်ပြက်ဂျာနယ် တို့ အစဉ်တစိုက် မှုရင်ဆိုင်ခဲ့ကြ ရသည့် ဖြစ်ရပ်များ ကြုံကြိုက်ခဲ့ကြရသည်။
ယခုတစ်ဖန် ထပ်မံပြီးလည်း လျှပ်တစ်ပြက်ဂျာနယ်၌ ပင်တိုင် သတင်း ၊ဆောင်းပါးများ ရေးသားလျက်ရှိသော ယဉ်ယဉ်သိန်း (နဘား)၏ လျှပ်တစ်ပြက် ၊ အတွဲ(၃) ၊ အမှတ် (၈၇) တွင် ဖော်ပြပါရှိသည့် “ KIA တပ်ဖွဲ့၏ ပြန်ပေးဆွဲ ခံရသူများထဲမှ ပြန်လည်လွတ်မြောက်လာခဲ့သူ မိန်းမပျို တစ် ဦး” အင်တာဗျူးဆောင်းပါး အား ပုဒ်မ ၅၀၀ ဖြင့် အင်းတော်မြို့နယ်တရားရုံးမှာ ဇူလိုင် (၂ရ) ရက်နေ့ က တရားစွဲ ခဲ့သဖြင့် အမှုရင်ဆိုင်ခဲ့ရသည်။
“ ဒီလိုသတင်းမျိုးကို ရေးသားဖော်ပြရတယ်ဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင်က လိုလိုလားလား ရေး သားပေးေ စချင် လို့ သူက စေတနာ နဲ့ ဂျာနယ် မှာ စာနယ်ဇင်းကျင့် ၀တ်နဲ့ အညီ ရေးခဲ့တာပါ။
KIA ဖမ်းခဲ့ထားရတော့ သူတို့ သမီးအတွက် စိတ်ပူနေကြတော့ သားသမီးချင်း စာနာပြီး သက်ဆိုင်ရာ က ပုဂ္ဂိုလ်တွေ အနေနဲ့ အချိန်မီ အတောအတွင်း ကူညီနိုင်အောင်လို့ ရေးပေးခဲ့တာလေ။
ဓာတ်ပုံအထောက်အထားတွေ ၊ ဗီဒီယိုရိုက်ထားတဲ့ ဖိုင်တွေထဲ မှာ သူတို့ ပြောပြတာတွေ အတိုင်းအတိအကျ ဖော်

ပြပေး ခဲ့တာပဲရှိတယ်။ တစ်ခြားဘာမှ
နစ်နာထိခိုက်စရာတွေ မပါပါဘူး ဟု ဒေါ်ယဉ်ယဉ်သိန်း၏ ခင်ပွန်းသည်
ဦး သက်နိုင်ထွန်းမှ ပြောပြသည်။
ဒီဖြစ်စဉ်ကတော့ ဘာမှ မဆန်းပြားပါဘူး။ အထက်က တာဝန်ရှိသူတွေက ကျေးလက်က အုပ်ချုပ်သူတွေကို မင်းတို့ အသုံးမကျရကောင်းလားဆိုပြီး ငေါက်ငန်းဆူပူတာမျိုး လုပ်လိုက်တော့ အကြောင်းအမျိုးမျိုး နဲ့ ဖိအား အပေးခံရပြီး အခုလို တရားစွဲတဲ့ အဆင့်အထိ ရောက်ရှိလာတာပါပဲ။
အဓိက အနေနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးက နှစ်ဦးနှစ်ဖက်အကြားပြေလည်ရာ ပြေလည်ကြောင်း ရှင်းလင်းမပေးဘဲ တရားရုံးရောက်ရှိစေတဲ့ အဆင့်အထိ တွန်းပို့ လိုက်တာမျိုးက အတော်အရုပ်ဆိုး ပါတယ်။
အခုက ဘာတွေဖြစ်နေလံဆိုတော့ ထစ်ကနဲ့ ရှိရင် ဂျာနယ်တွေကို တရားစွဲလို့ရတယ်ဆို ပြီး လုပ်ပေါက်တစ်မျိုးလို ဖြစ်နေတာက စိတ်မကောင်းစရာ ပဲပေါ့ဗျာ ဟု အင်းတော်မြို့နယ် စာေ၇းဆရာအသင်းဥက္ကဌ ဦးတင်ရွှေ(ဇွဲမြင့်နိုင်၊ အင်းတော်) မှလည်းပြောကြား သည်။
ယဉ်ယဉ်သိန်း(နဘား) မှ အင်းတော်မြို့နယ်အားကိုယ်စားပြု၍ စာနယ်ဇင်းမျိုးစုံတင် ပြုပြင်ရေး ၊ ယဉ်ကျေးမှု ၊ ဘာ သာရေး နှင့် သတင်းဆောင်းပါးများစွာကို အစဉ်တစိုက်ရေးသားနေဆဲ စာရေးဆရာမတစ်ဦးလည်းဖြစ်သည်။
ဒေါ်ယဉ်ယဉ်သိန်း ၏ လျှပ်တစ် ပြက်ဂျာနယ်ပါ တရားစွဲခံရသော ဆောင်းပါးမှာ နှစ်ဖက်ပစ်ခက်မှုများ ကြား၌ စစ်ဘေး ဒဏ်ခံ နေရသူများ နှင့် ပြန်ပေးဆွဲခံရသူတို့၏ ဒုက္ခဖြစ်စဉ်များ အပေါ် ငဲ့ညှာထောက်ထား သော စာနာမှုဖြင့်ရေးသား ခဲ့ခြင်းသာဖြစ်သည်။
တစ်စုံတစ်ဦးအပေါ်မဟုတ်တန်တရားရေးသားထားချက်များ မပါရှိသည့် အပြင် နိုင်ငံတော်အစိုးရအတွက် တစ်ထောင့် တစ်နေရာမှ အကျိုးပြုစေသော ရေးသားမှုမျိုးဖြင့် စတုတ္ထမဏ္ဌိုင် ပီပြင်မှုကို မီးမောင်ထိုးပြပေးချင်သာဖြစ်သည်။
အင်းတော်တရားရုံးမှ ဇူလိုင်(၄)ရက်နေ့ သို့ ထပ်မံချိန်းဆိုထားသည်ဟု သတင်းရရှိပါသည်။
By: ကိုမင်း(အင်းတော်) Hot News

0 မှတ်ချက်များ for "သတင်းထောက် ယဉ်ယဉ်သိန်း (နဘား) တရားစွဲ ခံရခြင်း"