မက္ကဆီကို ရွေးကောက်ပွဲ အနိုင်ရခဲ့သော ပီညာနစ်တိုကို လူထောင်ပေါင်းများစွာက ဆန္ဒပြ
မက္ကဆီကို သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အင်းနရစ်ပီညာ
နစ်တိုကိုမြို့တော် မက္ကဆီကိုတွင် ဇူ လိုင်လ ၇ ရက်က လူထောင်ပေါင်းများစွာ
ဆန္ဒပြခဲ့ပြီး နစ်တိုနှင့် သူ၏ပါတီသည် မဲဝယ်မှု ကျယ်ကျယ်ပြန့်
ပြန့် ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခဲ့ကြသည်။
Institutional Revolutionary Party (PRI) ကိုယ် စားပြုနစ်တိုသည် ရွေးကောက်ပွဲ အနိုင်ရရန်အတွက် လက်ဆောင်ကတ်များ ဝေပေးခြင်း၊ အဓိက ရုပ်သံ လိုင်းနှစ်ခုတွင် ဘက်လိုက်ဖော်ပြပေးရန်အတွက် လုပ်ဆောင် ခဲ့ခြင်း ပြုလုပ်ခဲ့သည်ဟု ဆန္ဒ ပြသူများ က
ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် ''ပီညာထွက်သွား။ PRI အလိုမရှိ''
ဟူသော စာတမ်းများ ကိုင်ဆောင်ကာ မြို့တော်ရှိ အဓိကလမ်းမကြီးမှတစ်ဆင့်
မြို့လယ်ရှိ ဇိုကာလိုရင်ပြင်သို့ ချီတက်ခဲ့ကြသည်။
ဇူလိုင်လ ၁ ရက်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် နစ်တိုအနိုင်ရကြောင်း
လွတ်လပ်သော ရွေးကောက်ပွဲ
ကော်မရှင်က ဇူလိုင်လ ၆ ရက်တွင် အတည်ပြုခဲ့သည်။ သို့သော် မဲဆန္ဒရှင် ၁၁၂ သန်းအနက် အများအပြား က နစ်တိုအနိုင်ရမှုအပေါ် လက်ခံရန် ငြင်းဆန်ခဲ့သည်။
ကော်မရှင်က ဇူလိုင်လ ၆ ရက်တွင် အတည်ပြုခဲ့သည်။ သို့သော် မဲဆန္ဒရှင် ၁၁၂ သန်းအနက် အများအပြား က နစ်တိုအနိုင်ရမှုအပေါ် လက်ခံရန် ငြင်းဆန်ခဲ့သည်။
PRI ပါတီသည် ၂၀၀၀ ပြည့်နှစ်အထိ အနှစ် ၇၀ ခန့်
အုပ်ချုပ်ခဲ့ဖူးပြီး ရွေးကောက်ပွဲ မသမာမှုပြုလုပ်ခြင်း၊
ဖိနှိပ်ချုပ်ခြယ်မှုများ ပြုလုပ်ခြင်းတို့ လုပ်ခဲ့သည်ဟု စွပ်စွဲခံရသည်။ ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ဒုတိယနေရာသာ ရခဲ့သော
ဒီမိုကရက်တစ်တော်လှန်ရေး (PRD) ပါတီမှ လိုပက်ဇ်အိုဘရာဒွန်ကမူ ဇူလိုင်လ ၇
ရက် ဆန္ဒပြမှုနောက်ကွယ်တွင် သူပါဝင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ယခုဆန္ဒပြမှုကို #YoSay133 ကျောင်းသားလှုပ်ရှားမှုအဖွဲ့က Facebook ၊ Twitter
တို့မှတစ်ဆင့် လှုံ့ဆော်ခဲ့ ကြခြင်းဖြစ်သည်။
Ref:AFP

0 မှတ်ချက်များ for "မက္ကဆီကို ရွေးကောက်ပွဲ အနိုင်ရခဲ့သော ပီညာနစ်တိုကို လူထောင်ပေါင်းများစွာက ဆန္ဒပြ"