Pages

July 11, 2012

လူခြေတိတ်ချိန် အိမ်ထဲခိုးဝင်ပြီး (၆)နှစ်သမီးကို ထမ်းခေါ်ထုတ်သွားကာ မတရားကျင့်သူ

အမေရိ ကန်ပြည်ထောင်စု မြောက်ပိုင်း ရှိ Salt Lake တွင် အိမ်နီးနားချင်း သူတစ်ဦးက လူခြေတိတ်ချိန် အိမ်ထဲခိုးဝင်ပြီး (၆)နှစ်သမီးကို ထမ်းခေါ် ထုတ်သွားကာ လည်ပင်းညှစ် မတရားကျင့်ခဲ့ပြီး တူးမြောင်းထဲ ပစ်ချခဲ့လို့ ထိုမိန်းကလေးငယ်မှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
 
ဇွန်(၂၆)ရက်နေ့ မနက်အစောပိုင်းတွင် အိမ်ရှေ့မှန်တံခါး Slide ဟာ ပွင့်နေခဲ့ပြီး ည(၁၀)နာရီခွဲက နောက်ဆုံးတွေ့ခဲ့ရသည့် သမီးဖြစ်သူကို မတွေ့ရတော့ကြောင်း ရဲကို မိခင်က အသိပေးခဲ့သည်။
 
အိမ်ထဲရှိ မှတ်တမ်းတင် ကင်မရာနှင့် ရဲများက စစ်ဆေးကြည့်ရာတွင် ယင်းနေ့ မနက် (၃)နာရီလောက်က လူတစ်ဦး မှန်တံခါးကိုဖွင့်ဝင်လာပြီး မနက် (၃)နာရီ (၁၃)မိနစ်လောက်မှာ တစ်ခုခု ကို သယ်ဆောင်ထွက်သွားတာကို တွေ့မြင်ခဲ့ကြရသည်ဟု သိရသည်။
 
(၆)နှစ်သမီးဖြစ်သည့် Sierra Newbold ရဲ့ အလောင်းကို ယင်းနေ့မှာပင် သူမအိမ်အနီးရှိ တူးမြောင်းထဲမှာ  မျက်နှာေ မှာက်လျက်သားနဲ့ ပေါလောပေါ်နေတာကို ရဲများက ရှာဖွေတွေ့ခဲ့ကြကြောင်း သိရသည်။ Sierra Newbold ရဲ့ ပန်းေ ရာင်ညအိပ်ဝတ်စုံကိုတော့ သူမအိမ်အနီးရှိ လယ်ကွင်းထဲတွင် တွေ့ခဲ့ရတာဖြစ်ကြောင်း သိရသည်။
 
သူမ၏အလောင်းကို စစ်ဆေးကြည့်ရာဝယ် သူမဟာ လည်ပင်းညှစ်ပြီး လိင်အစော်ကားခံထားရတဲ့ အဖြစ်ကို
 တွေ့ရှိခဲ့ကာ သူမသေဆုံးရသည့် အကြောင်းမှာတော့ ရေနစ်သေခဲ့တာဖြစ်ကြောင်း သိရသည်။ သူမအား သတ်ခဲ့ သည့် သူမတို့အနီး နေသူအား အစပထမက လူသတ်တရားခံအဖြစ် ဖမ်းခဲ့တာမျိုးမဟုတ်ဘဲ ဘဏ်ဖောက် ထွင်းမှု ၊ ကားခိုးမှုတို့၌ သံသယရှိသူအဖြစ် ဖမ်းဆီးခံခဲ့ရတာဖြစ်ကြောင်း သိရသည်။
 
အသက်(၄၁)နှစ်အရွယ်ရှိ လူသတ်တရားခံ Terry Lee Black ရဲ့ အဝတ်အစအနဟာ Sierra Newbold အလောင်း ကို တွေ့ခဲ့တဲ့ လယ်ကွင်းထဲက အဝတ်စနဲ့တူနေပြီး Terry Lee Black ဟာ တူးမြောင်းနားက တိုက်ခန်းမှာ နေထိုင် သူဖြစ်တာမို့ Terry Lee Black ရဲ့ DNA စစ်ကြည့်လိုက်တဲ့အခါမှာ Sierra Newbold အား မတရားကျင့်ခဲ့ သူဖြစ်ကြောင်း ပေါ်လွင်တာမို့ ရဲများက Terry Lee Black အား စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။
 
Terry Lee Black ဟာ Sierra Newbold အိမ်ထဲကို မှန်တံခါးတွန်းဖွင့် ခိုးဝင်ခဲ့ပြီး သူမကို မတရားကျင့်ခဲ့ပြီးနောက် သတ်ပစ်ခဲ့တာဖြစ်ကြောင်း အာဏာပိုင်များက ပြောဆိုခဲ့ပါတယ်။
 
Terry Lee Black အား ပြန်ပေးမှု ၊ အဓမ္မကျင့်မှု ၊ လူသတ်မှုတို့နဲ့ တရားစွဲဆိုထားကြောင်းလည်း သိရသည်။ အင်္ဂါနေ့ မှာတော့ ၎င်းအား အာမခံငွေ အမေရိကန်ဒေါ်လာ သိန်းနှစ်ဆယ် တင်ခွင့်ပြုခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment