နျူကလီးယား အဟန့်အတား တိုးမြှင့် မည်ဟု မြောက်ကိုရီးယား ကြုံးဝါး
တင်းမာမှုများရှိသော နယ်စပ် ဒေသ တွင် အမေရိကန်
နှင့် တောင်ကိုရီးယားတပ်ဖွဲ့များ စစ်ရေးလေ့ကျင့်နေ ခြင်း ကို ရန်စခြင်းဟု မြောက်ကို ရီးယားနိုင် ငံက ရှုတ်ချ လိုက်ပြီး ၎င်း၏ နျူကလီးယား အဟန့် အတားကို မြှင့် တင်သွားမည် ဟု မြောက်ကိုရီး ယားနိုင်ငံပိုင် မီဒီယာ က ပြောကြားသည်။

ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ ရှိနေစဉ်မှာပင်
မြောက်ကိုရီးယား၏ တိုက်ခိုက်မှုမှန်သမျှကို တုံ့ပြန်နိုင် ရန် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ကျည်ဆန် အစစ်များဖြင့် ပစ်ခတ်၍ စစ်ရေးလေ့ကျင့်လျက်ရှိသည်။
မြောက်ကိုရီးယား၏ တိုက်ခိုက်မှုမှန်သမျှကို တုံ့ပြန်နိုင် ရန် အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ကျည်ဆန် အစစ်များဖြင့် ပစ်ခတ်၍ စစ်ရေးလေ့ကျင့်လျက်ရှိသည်။
ယင်းလေ့ကျင့်မှုတွင် တင့်ကားများ၊ စစ်လေယာဉ်များနှင့် တိုက်ခိုက်ရေး
ရဟတ်ယာဉ်များပါ ပါဝင်သည်။ ကိုရီးယား စစ်ပွဲ ဖြစ်ပွားခြင်း ၆၂ နှစ်မြောက်
နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် အမေရိကန်နှင့် တောင်ကိုရီးယားတို့သည်
ပင် လယ်ဝါတွင် စစ်ရေးလေ့ကျင့်နေကြသည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင်
မြောက်ကိုရီးယား အလံအား ပစ်ခတ်ခဲ့ သည်ဟု မြောက်ကိုရီးယားနိုင်ငံက
စွပ်စွဲပြောကြားသည်။ စစ်ကြေညာခြင်းမရှိဘဲ အချုပ်အခြာအာဏာပိုင်
နိုင်ငံ တစ်နိုင်ငံ၏ အလံတော်အား အမြောက်ဆန်များ၊ ကျည်ဆန်အစစ်များဖြင့်
ပစ်ခတ်ခြင်းမှာ နိုင်ငံရေးအရ လှုံ့ဆော်မှု ရှိသော ရန်စမှုနှင့် အလွန်လေးနက်သော
စစ်ဘက်လုပ်ရပ်တစ်မျိုးဖြစ်ကြောင်း မြောက်ကို ရီးယား
နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

0 မှတ်ချက်များ for "နျူကလီးယား အဟန့်အတား တိုးမြှင့် မည်ဟု မြောက်ကိုရီးယား ကြုံးဝါး"