Pages

July 15, 2012

ကိုမိုးသီး သတင်းအား မျက်နှာဖုံး သတင်း အဖြစ် မနေ့ က ဖေါ်ပြ

ပြည်တွင်း ထုတ် အင်ပါယာအမည်ရှိဂျာနယ်တခုမှာ ကို မိုးသီး သတင်းအား မျက်နှာဖုံးသတင်း အဖြစ် မနေ့ က
ဖေါ်ပြထားတာကို တွေ့ ရှိရပါတယ်။

သတင်းမှာ ကိုမိုးသီးနှင့် ဦးအောင်မင်းတို့ ဆွေးနွေးချက် များ ကို အခြေပြုရေးထားတာကိုတွေ့ ရပါတယ်။


ပြီးခဲ့တလများက ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကိုကို က ကိုမိုးသီးအားပြန်လာ လည်ရန်ကမ်းလှမ်းချက်  ဖြစ်ေ ပ်ါပြီးနောက် ကိုမိုးသီး ဟာ ဦးအောင်မင်းနှင့် ဘန်ေ ကာက်မြို့မှာတွေ့ ဆုံဆွေးနွေးခဲ့ ပါတယ်။


အဓိက ဆွေးနွေးချက်တွေကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး တိုင်းပြည်စီးပွားရေး ပြန်လည် ဖွင့်ဖြိုးရေး ကိစ္စများ ပါဝင်ပါတယ်။


ကိုမိုးသီး မှာ အကြံပြုဆွေးနွေးချက်များကတော့ မတရားအသင်းကြေညာချက်များပယ်ဖျက်ရန်၊ တပြည် လုံးအတိုင်းအတာဖြင့် အပြစ်ခတ်ရပ်စဲရေး များပြုလုပ်ရန် ( အထူးသဖြင့်ကချင်ဒေသအတွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်စဲရန်) ၊ ကျန်ရှိနေသောနိင်ငံရေးအကျဉ်းသားများ ကိုအမြန်ဆုံးပြန် လွှတ်ပေးရန်။ နိင်ငံရေးအင်အားစုများအားလုံး နိင်ရေးဖြစ်စဉ်မှာပါဝင်ခွင့်ပြုရန်တို့ ဖြစ်ပါတယ်။


ဦးအောင်မင်း ဒုတိယအကြိမ်ထိုင်းနိင်ငံအခြေစိုက်အင်အားစုများနှင့် လာရောက်တွေ့ ဆုံစဉ်မှာ ကိုမိုးသီးက ဦးအောင်မင်း၊ ဦးခင်ရီ တို့ နှင့်လဲတယ်လီဖုန်းဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြတယ်လို့  သိရပါတယ်။


ဒုတိယအကြိမ်ဆွေးနွေးမှုတွင် ဦးအောင်မင်း က အကြံပြုချက်အရသမတထံ စာရေးရန် ထပ်မံ အကြံပြု သဖြင့် ၄ မျက်နှာပါ အကြံပြုချက်တချို့ ကို ကိုမိုးသီး ကရေးသားပေးပို့ ခဲ့တယ်လို့ သိရပါတယ်။


ဦးအောင်မင်း ငြိမ်းချမ်းရေးကြိုးပန်းမှုများနှင့်ပတ်သက်ပြီး ကိုမိုးသီး ရဲ့ အမြင်ကတော့ အကောင်းဖက်မှာရှိ တယ်လို့ ဆိုတယ်။


အဖက်ဖက်မှာယိုယွင်းပျက်စီးနေတဲ့ တိုင်းပြည်အခြေအနေများကို ဆိုးဝါးနေတဲ့ အမြန်ဆုံးကုစား နိင်ဖို့  အတွက် နိင်ငံရေးအရပြုပြင်ပြောင်းလဲမှုများကို လက်တွေကျဖို့ လိုတယ်။


အချိန်မှီ ဆောင်ရွက်ဖို့ လိုတယ်။ ဦးနုပြောခဲ့တဲ့သူမနာကိုယ်မနာမူဟာ အသင့်တော်ဆုံးဖြစ်တယ် ဒါကို ဦးသိန်းစိန်အစိုးရအနေနဲ့  သတ္တိရှိရှိ သဘောထားကြီးကြီး ဆောင်ရွက်ဖို့ လိုတယ်လို့ ဆိုပါတယ်။

No comments:

Post a Comment