စင်ကာပူတွင်နိုင်ငံသား မဟုတ်သော ကျောင်းသား များ၏ လခများ တိုးမြှင့်မည်

စင်ကာပူတွင် တင်းပြည့် နေထိုင်ခွင့် ရထားသူ ကျောင်းသား များနှင့် အစိုးရနှင့် အစိုးရ အထောက် အပံ့ခံ ကျောင်းများတွင် ပညာ သင်နေသော နိုင်ငံတ ကာ ကျောင်းသား များ အတွက်
ကျောင်းလခ များကို လာမည့် ၂၀၁၃ ဇန်နဝါရီလမှ စ၍ တိုးမြှင့် သွားတော့ မည်ဟု သိရသည်။

PR ရထားသော ကျောင်းသားများ အတွက် လစဉ် ကျောင်း လခမှာ စင်ကာပူဒေါ်လာ ၅၀ မှ ၈၀ ကြား ထပ်တိုးပြီး နိုင်ငံတ ကာ ကျောင်းသားများအတွက် စင်ကာပူဒေါ်လာ ၁၁၅ မှ ၂၅၀ အတွင်း ထပ်တိုးမည်ဟု သိရသည်။

စင်ကာပူနိုင်ငံသားဖြစ်သော ကျောင်းသားများ၏ ကျောင်းလခများမှာမူ ပြောင်းလဲခြင်း မရှိပေ။ စင်ကာပူ ပညာရေး ဝန်ကြီး ဌာနက အစိုးရနှင့် အစိုးရ အထောက်အပံ့ခံ ကျောင်းများတွင် ပညာသင်နေသော စင်ကာပူနိုင်ငံသား မဟုတ် သည့်
ကျောင်းသားများအတွက် ကျောင်းလခသည် နိုင်ငံသားတို့၏ လခနှင့် ဆက်လက် ကွာခြားသွားမည် ဟုဆိုသည်။ ထို့ပြင် လာမည့်နှစ် ဇန်နဝါရီလမှစ၍ ကျောင်းသားအားလုံးအတွက် လစဉ် အထွေထွေ ကျောင်းလခကိုလည်း မြှင့်တင်သွားမည် ဟုဆိုသည်။

အသစ်ပြင်ဆင်ထားသော အထွေထွေ စရိတ်များကို အခြေခံပညာအဆင့်နှင့် စင်ကာပူဒေါ်လာ ၁ ဒသမ ၀၀ သို့ လည်းေ ကာင်း၊ အလယ်တန်းအဆင့်၌ ၂ ဒေါ်လာသို့ လည်းကောင်း၊ တက္ကသိုလ်ဝင်တန်း အဆင့်၌ ၂ ဒသမ ၅ ဒေါ်လာ အဆင့် သို့လည်းကောင်း တိုးမြှင့်ထားသည်။ ငွေကြေး အကူအညီ လိုအပ်သောသူများအတွက် ဘဏ္ဍာရေး အကူအညီ အစီအစဉ် FAS ကို ချမှတ်ထားပြီး ကျောင်းလခများ၊ အခြေခံ ကျောင်းကုန်ကျ စရိတ်များဖြစ်သည့် ပြဋ္ဌာန်းစာ အုပ်ကြေး၊ ကျောင်း ဝတ်စုံကြေးများကို ထောက်ပံ့မည် ဖြစ်သည်။ FAS အစီအစဉ်အရ တစ်လလျှင် ဝင်ငွေ စုစုပေါင်း စင်ကာပူဒေါ်လာ ၂,၅၀၀ မကျော်သော အိမ်ထောင်စုမှ စင်ကာပူ ကျောင်းသားများသည် ထောက်ပံ့ကြေးရမည်ဟု သိရသည်။
Ref: CNA

0 မှတ်ချက်များ for "စင်ကာပူတွင်နိုင်ငံသား မဟုတ်သော ကျောင်းသား များ၏ လခများ တိုးမြှင့်မည်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++