အင်းလေးနှင့် ဂျပန် ဘီဝါကန် ညီအစ်မ ရေကန် အဖြစ် ထူထောင်ရန် စီစဉ်နေ
အင်းလေးကန်နှင့် ဂျပန်နိုင်ငံရှိ ဘီဝါရေကန်တို့အား ညီအစ်မ ရေကန်အဖြစ် ထူထောင်သွားရန် စီစဉ်လျက်ရှိ သည်ဟု FREDA မှ ဦးအုန်းက ပြောသည်။
ဂျပန်နိုင်ငံရှိ ဘီဝါ(BiWa) ရေ ကန်သည် မြန်မာနိုင်ငံရှိ အင်းလေး
ကန်နှင့်ပုံသဏ္ဍန်ဆင်တူသည့်အပြင် နှစ်စဉ် ထိုရေကန်သို့ ကမ္ဘာလှည့်
ခရီးသည်အများအပြား လာရောက် ကြကြောင်း၊ ထိုရေကန်နှင့် အင်း လေးကန်တို့ အား
ညီအစ်မ ရေကန် အဖြစ် ထူထောင်လိုက်ပါက ထိုရေ ကန်နှစ်ခု၏ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် ပတ် သက်၍ ဂျပန် နိုင်ငံ၏အကူအညီများစွာ ရရှိလာ
မည်ဖြစ်ကြောင်း၊ လတ်တလော အားဖြင့် အင်းလေးကန်နှင့် ဘီဝါရေ ကန်တို့အား
ညီအစ်မရေကန်အဖြစ် ထူထောင်နိုင်ရေး အတွက် ဂျပန်နိုင်ငံ ရှိ
ဘီဝါရေကန်အုပ်ချုပ်ရေးမှူးနှင့် မြန်မာနိုင်ငံပတ်ဝန်းကျင် ထိန်းသိမ်း
ရေးနှင့် သစ်တောဝန်ကြီးဌာနသို့ တင်ပြအကြောင်း ကြားသွားမည်ဖြစ် ကြောင်း
၎င်းက ဆိုသည်။
“ဂျပန်က အင်းလေးကန် ထိန်း သိမ်းရေးအတွက်Survay လုပ်ဖို့ အမေရိကန်ဒေါ်လာ
၁၆၀ဝ၀ ပေးမယ် လို့ပြောပေမယ့် အခုအချိန်အထိ မရ သေးဘူး။ အဲဒါကို
မစောင့်နိုင်တာနဲ့ မြန်မာနိုင်ငံကိုရောက်နေတဲ့ဘီဝါကန် က
သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း ရေးပညာရှင်နှစ်ဦးနဲ့တိုင်ပင်ပြီး အင်း
လေးနဲ့ဘီဝါကို ညီအစ်မကန်အဖြစ် ထူထောင်လိုက်ရင် အင်းလေးကန်
ထိန်းသိမ်းရေးအတွက်လည်း ဂျပန် နိုင်ငံကအကူအညီတွေရလာမယ်ဆို
တာနဲ့ထူထောင်ဖို့ဆောင် ရွက်နေတာ” ဟု ဦးအုန်းက ထပ်မံပြောသည်။
လက်ရှိ၌ အင်းလေးကန်ထိန်း သိမ်းရေးအတွက် UNDP မှ ကန် ဒေါ်လာ
နှစ်သန်းခြောက်သောင်း သုံးစွဲ၍ ပြုပြင်ထိန်း သိမ်းရေးများ
ဆောင်ရွက်လျက်ရှိသည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် သစ် တောဝန်ကြီးဌာနမှလည်း
ပြုပြင် ထိန်း သိမ်းမှုများ ဆောင်ရွက်လျက် ရှိသော်လည်း အားရကျေနပ်စရာ အနေအထား
မရှိသေးဟု အင်း လေးကန်ထိန်း သိမ်းရေးဆောင်ရွက် နေသည့် ဆည်မြောင်းအရာရှိတစ်
ဦးနှင့်FREDA မှဦးအုန်းတို့ထံမှ သိရသည်။

0 မှတ်ချက်များ for "အင်းလေးနှင့် ဂျပန် ဘီဝါကန် ညီအစ်မ ရေကန် အဖြစ် ထူထောင်ရန် စီစဉ်နေ"