ယာယီနည်းပြ ခန့်အပ်ခံရချိန်မှာ ဖာဂူဆန်ကို အရင်ဆုံးဖုန်းခေါ်ခဲ့ပါတယ် ဂစ်ပြော-
မန်ယူအသင်း ယာယီနည်းပြ ရာထူးခန့်အပ် ခံရပြီးနောက် ဖာဂူဆန်ထံ ပထမဆုံး ဖုန်းဆက် ခဲ့တယ်လို့ ဂစ်က ဆိုပါတယ်။
ဂစ်ဟာ ဖာဂူဆန် လက်အောက်မှာ (၂၄)နှစ်ကြာ ကစားခဲ့ဖူးသူဖြစ်ပြီး သူ့ဆရာဆီက အကြံဥာဏ်
တောင်းခံလို တယ်လို့လည်း ဖွင့်ဟသွားပါတယ်။
မန်ယူနည်းပြ ရာထူးကို လက်ခံရယူခဲ့ချိန်ဟာ သူ့ဘ၀တစ်လျှောက် ဂုဏ်ယူစရာ အကောင်းဆုံးလို့ ပြောခဲ့တဲ့ ဂစ်က နောဝစ်ခ်ျနဲ့ပွဲစဉ်ကို ကိုင်တွယ်ခွင့်ရဖို့ မစောင့်ဆိုင်းနိုင်အောင်ဖြစ်နေမိသလို မန်ယူ နည်းပြရာထူးကို (၅)နှစ်ကြာ တာဝန်ယူဖို့ထက် လာမယ့်ပွဲစဉ်(၄)ပွဲအတွက် အာရုံစိုက်နေပါတယ်လို့ ဟာသလုပ်ခဲ့ ပါသေးတယ်။___ဇော်ဇော်ထွန်း

0 မှတ်ချက်များ for "ယာယီနည်းပြ ခန့်အပ်ခံရချိန်မှာ ဖာဂူဆန်ကို အရင်ဆုံးဖုန်းခေါ်ခဲ့ပါတယ် ဂစ်ပြော-"