တနိုင်ငံလုံး အပစ် ရပ်စဲရေးဆိုင်ရာ အချက်အလက်များ NCCT ပြန် လည်ဆွေးနွေးနေ

တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးမှာ သဘောတူ လက်မှတ်ရေးထိုးရမယ့် အချက်အလက်တွေကို
ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်
တော်လှန်ရေးဘက်က တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး NCCT အဖွဲ့ဝင်
ခေါင်းဆောင်တွေက ထိုင်းနိုင်ငံ ချင်းမိုင်းမြို့မှာ ဒီကနေ့ တွေ့ဆုံနေကြပါတယ်။

ဒီဆွေးနွေးမှုကို  ဧပြီ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ  ၂ ရက်ကြာ ဆွေးနွေးသွားဖို့ ရှိတယ်လို့  သိရပါတယ်။ 

ဒီနေ့အဖို့တော့ သုံးသပ်ချက်နဲ့ ကျနော်တို့ မူဘောင်အချက်အလက်နဲ့ ပတ်သက်ပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ
ဆွေးနွေးတာနဲ့ အချိန်ကုန်သွားတယ်။ သုံးသပ်ချက်ကတော့ တပြည်လုံးအပစ်ခတ်ရပ်ရေးနဲ့ ပတ်သက်ပြီး မူပိုင်းဆိုင်ရာကိစ္စတို့၊ ဝေါဟာရဆိုင်ရာကိစ္စတို့ နောက်ပြီးတော့ အလုပ်ပိုင်းဆိုင်ရာကိစ္စပေါ့နော် ဒါတွေ သုံးသပ်ပါတယ်လို့  NCCT အဖွဲ့ရဲ့ ဒုခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

တနိုင်ငံလုံး အပစ်အခတ်ရပ် လက်မှတ်ရေးထိုးနိုင်ဖို့ ခုလိုကြိုးစားနေတဲ့အချိန်မှာဘဲ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ထဲမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး အထွေထွေကဏ္ဍမှာ ထည့်သွင်း
ဆွေးနွေးဖို့ရှိကြောင်း ဆက်ပြောပါတယ်။

NCCT အဖွဲ့ထဲမှာ ပါဝင်နေတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းနေချိန်မှာ အစိုးရဘက်က စစ်အင်အားသုံးပြီး ပြဿနာဖြေရှင်းဖို့ ကြိုးစားတာကြေင့် ရရှိထားပြီသား နားလည်မှု၊ ယုံကြည်မှုနဲ့ သဘောတူ ညီမှု အဆင့်တိုင်းကို တစစီပြန်ချေဖျက်သလို ဖြစ်နေမယ့်အကြာင်း ဧပြီလ ၂၃ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်သတိပေးထားပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုခေါင်းဆောင် ကဒိုစောကွယ်ထူးဝင်းနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ ဦးဆောင်ပြီး ၁၁ ဦး တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

0 မှတ်ချက်များ for "တနိုင်ငံလုံး အပစ် ရပ်စဲရေးဆိုင်ရာ အချက်အလက်များ NCCT ပြန် လည်ဆွေးနွေးနေ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++