ဗြိတိန်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးရာထူးက နုတ်ထွက်ပေးရ

ဗြိတိန်မှာ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး Mark Harper မာ့ခ်ဟာပါဟာ နိုင်ငံတွင်း အလုပ်လုပ်ခွင့်မရှိသူ အိမ်သန့်ရှင်းရေး သမားတယောက်ကို ခန့်ထား ခဲ့မှု ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် နုတ်ထွက် သွားခဲ့ရ ပါတယ်။

အိမ်သန့်ရှင်းရေး ဝန်ထမ်းက စာရွက်စာတမ်း အတုတွေပြကာ လှည့်ကွက်ဆင်တာကို ခံခဲ့ရတာလို့ မစ္စတာ ဟာပါက ပြောပါတယ်။

သူဟာ ရာထူးမှာ ထမ်းဆောင်နေစဉ် တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကြမ်းကို ပါလီမန်မှာ အတည်ပြုချက်ရအောင် ကြိုးစားနေသူ ဖြစ်တာကြောင့် သူ့ကိုယ်သူ စံနမူနာပြဖို့လိုတယ် ဒါကြောင့် ရာထူးက နုတ်ထွက်တာလို့ ဆိုပါတယ်။

အာဏာရ ကွန်ဆာဗေးတစ်ပါတီက ပြည်ပကနေ ဗြိတိန်မှာ လာရောက်နေထိုင်သူတွေ သိသိသာသာ ကျဆင်းသွားအောင် လုပ်မယ်လို့ ကတိပေးထားတာ ဖြစ်ပါတယ်။___ဘီဘီစီ

0 မှတ်ချက်များ for "ဗြိတိန်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးရာထူးက နုတ်ထွက်ပေးရ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++