(၃၂)ကြိမ်မြောက် လားဟူ တိုင်းရင်းသား စုပေါင်းရိုးရာနှစ်သစ်ကူး ပွဲတော်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ မြို့နယ်၊ လားဟူ စာပေနှင့်ယဉ်ကျေးမှု ကော်မတီ က(၃၂)ကြိမ်
မြောက် လားဟူ တိုင်းရင်းသားများ ရိုးရာစုပေါင်းနှစ် သစ် ကူးပွဲတော်ကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါ ရီ ၁၄ ရက်မှ ၁၆ ရက်အထိ ကျိုင်းတုံ မြို့၊ မြို့မ အားကစား ကွင်း ၌ အထူးစည်ကားသိုက်မြိုက်အောင်မြင်စွာဖြင့် ကျင်း ပပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။

ပွဲတော် ပထမနေ့ (ဖေဖော်ဝါရီ ၁၄ ရက်)ည ၆ နာရီ မှစတင်၍ ည ၁၁နာရီ အထိ တေးဂီတဖျော်ဖြေ ပွဲများ၊ သီချင်း ဆိုပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။ ပွဲတော်ဒုတိယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) ညနေ ၃ နာရီမှစတင်၍ ည ၇ နာရီ အထိ လားဟူတိုင်းရင်းသား များ တေးသီ ချင်းများ၊ ဘူးပလွေများ တီးမှုတ်ဖျော် ဖြေခြင်းများ၊ မြေ၀ိုင်းအကများဖြင့် ၀ိုင်းပတ်ကခုန်ဖျော်ဖြေ တင်ဆက်ခြင်းများကို ပြုလုပ်ခဲ့ကြပြီး ည ၇နာရီမှ ၁၂ နာရီ အထိ တေးဂီတ ဖျော်ဖြေရေးအစီအစဉ် များနှင့်
တေးသီချင်းသီဆိုပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။

ပွဲတော်တတိယနေ့ (ဖေဖော်ဝါရီ ၁၆ရက်)နံနက် ၈း၃၀ နာရီတွင် ပွဲတော် အခမ်းအနားကျင်းပပြုလုပ်သည့် သတ် မှတ်နေရာသို့ လားဟူတိုင်းရင်းသားများ ရိုးရာဝက်ခေါင်းသယ်ဆောင်ထား ရှိခြင်းအစီအစဉ် ကို
ဆောင်ရွက်ခဲ့ပြီး နံနက် ၁၀း၃၀ နာရီအချိန်တွင် (၃၂) ကြိမ်မြောက် လားဟူတိုင်းရင်းသားများ ရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်း အနားကို ကျင်းပပြုလုပ်ခဲ့သည်။

နံနက် ၁၁နာရီတွင် လားဟူတိုင်းရင်း သားများ၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ဒေသ အာဏာ ပိုင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လားဟူတိုင်းရင်းသား သက်ကြီးရွယ်အိုများနှင့် အကြီးအကဲ ခေါင်း
ဆောင်များအား ရေဆေးမင်္ဂလာ အခမ်းအနားကို ကျင်းပပြုလုပ်၍ ဂါရ၀ ပြုကာ ကန်တော့ခဲ့ကြပြီး နံနက် ၁၁း၃၀ နာရီတွင် ဒေသ အာဏာပိုင်များ ဌာန ဆိုင်ရာအကြီးအကဲများ၊ လားဟူတိုင်းရင်း သားအကြီး အကဲ ခေါင်းဆောင်များနှင့် လားဟူတိုင်းရင်းသားများသည် ရိုးရာ တေးသီချင်းများ၊ ရိုးရာအတီးအမှုတ်များ ကို ပျော်ရွှင်စွာ သီဆိုတီးမှုတ်ကြကာ နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ်အဖြစ် စိုက်ထူထားရှိသည့် ထင်းရှူး ပင်အား ၀ိုင်းပတ်လှည့်ကာ ကခုန်ခဲ့ကြပြီး နံနက် ၁၂ နာရီအချိန်တွင် နှစ်သစ်ကူးပွဲတော် အခမ်းအနား အထိမ်းအမှတ် ဂုဏ်ပြုနေ့ လည်စာတည်ခင်းဧည့်ခံကျွေးမွေးခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပြီး၊ နံနက် ၁၂ နာရီမှ ညနေ ၃ နာရီအထိ လားဟူ တိုင်းရင်းသားရိုးရာအကပဒေသာများနှင့် လားဟူတိုင်းရင်းသား ရိုးရာတေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများကို သီဆိုဖျော် ဖြေတင်ဆက်ခဲ့ကြပြီး ပွဲတော်အခမ်း အနား ကျင်းပပြုလုပ်သည့်သတ်မှတ်နေ ရာမှ လားဟူတိုင်းရင်းသားများ ရိုးရာဝက် ခေါင်းပြန်လည်သယ်ယူ ပို့ဆောင်ခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြပြီး ညနေ ၆ နာရီမှစတင်၍ တေးဂီတအကပဒေ သာများ လားဟူတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဝတ်စားဆင်ယင်ထုံးဖွဲ့မှု သရုပ်ပြသမှုကို ပြုလုပ်ပြသခဲ့ခြင်း၊ တိုင်း ရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုး ရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင် ဆက်ခြင်း၊ တေးသီချင်းသီဆိုပြိုင်ပွဲများ တွင် ဆုရရှိခဲ့ကြသူများအား ဆုများကို ချီးမြှင့်ပေးအပ်ခြင်း၊ ဒိုင်ချုပ်နှင့် အကဲ ဖြတ်အမှတ်ပေးဒိုင်များအား ဂုဏ်ပြု လက်ဆောင်များကို ဂုဏ်ပြုချီးမြှင့်ပေး အပ်ခြင်းနှင့် နှစ်သစ်ကူး ပွဲတော်အတွက် ပါဝင်လှူဒါန်းပေးခဲ့ကြသော အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေး အပ်ခြင်းများကို ကျင်းပပြုလုပ် ခဲ့ကာ ည ၁၂နာရီတိတိအချိန်တွင် (၃၂) ကြိမ်မြောက် လားဟူတိုင်းရင်း သားများ ရိုးရာစုပေါင်းနှစ်သစ်ပွဲတော်ကို အောင် မြင်စွာ ပြီးမြောက်စေခဲ့သည်။

လားဟူတိုင်းရင်းသားများအနေဖြင့် တစ်နှစ်တာအချိန်ကာလအတွင်း ကျင်း ပပြုလုပ်လေ့ရှိသော ပွဲတော်များ ထဲတွင် ယခုကျင်းပပြုလုပ်ပြီးစီးခဲ့သော လားဟူ တိုင်းရင်းသားများ ရိုးရာစုပေါင်းနှစ်သစ် ကူးပွဲတော်သည် အမွန်မြတ်ဆုံးနှင့် အကြီးကျယ်ဆုံးပွဲတော်တစ်ခုဖြစ်ကြောင်း ယခင်က နှစ်သစ်ကူးပွဲတော်ကို ရွက် ဟောင်း များကြွေပြီး၊ ရွက်သစ်များဝေဆာ လာသည့်အချိန်၊ ချယ်ရီပန်းများပွင့်လာ သည့်အချိန်၊ ထင်းရှူးပင်မှ အညွန့် အတက်များ ထွက်ပေါ်လာသည့်အချိန်နှင့် မက်မန်းပင်မှ အပွင့်များပွင့်လာသည့် အချိန်တို့ကိုကြည့်ရှုပြီး ကျင်းပနေခဲ့ကြ ရာမှ ၁၉၇၇ ခုနှစ်မှစတင်၍ လားဟူ တိုင်းရင်းသားများ တညီတညွတ်တည်း ၀ိုင်းဝန်း စုပေါင်းဆွေးနွေးဆုံးဖြတ်ထားမှု အတိုင်း နှစ်စဉ်မြန်မာတိုင်းရင်းသားတို့၏ ရာသီ ၁၂ လမှ တပို့တွဲလဆန်း ၁ရက် နေ့ကို လားဟူတိုင်းရင်းသားတို့၏ နှစ် သစ်ရက်မြတ်မင်္ဂလာနေ့ရက်၊ နှစ်သစ်ကူး ပွဲတော်ရက်အဖြစ် သတ်မှတ်ထားရှိ ကြောင်းနှင့် လားဟူတိုင်းရင်းသားများ သည် တစ်နှစ်တာအချိန်ကာလအား ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ သိုး၊ မျောက်၊ ကြက်၊ ခွေး၊ ၀က်၊ ကြွက်၊ နွား စသည့် တိရစ္ဆာန်အကောင် ၁၂ ကောင် ကို သင်္ကေတအမှတ်အသားအဖြစ် သတ် မှတ်ထားရှိကြောင်း ယခုနှစ် (၂၀၁၂- နဂါးနှစ်မှ ၂၀၁၃ မြွေနှစ်သို့) ကူးပြောင်း ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

0 မှတ်ချက်များ for "(၃၂)ကြိမ်မြောက် လားဟူ တိုင်းရင်းသား စုပေါင်းရိုးရာနှစ်သစ်ကူး ပွဲတော်"