တောင်ကြီးမှာ မီးပုံလေးနဲ့ ဂစ်တာတီးတဲ့ အချိန်တွေက အစားထိုးလို့မရဘူး 'သအို'

ငယ်စဉ် မွေးဖွားရာ ဇာတိမြို့ကလေးကို လူတိုင်း ချစ်
မြတ်နိုး တွယ်တာတတ် ကြ ပါတယ်။ အရွယ်ရောက်လို့ ပညာဆည်းပူးဖို့၊ ဘဝတိုးတက်ရာ တိုးတက်ကြောင်း ရှာဖွေဖို့ အတွက် မိမိရဲ့ဇာတိမြို့ကို စွန့်ခွာလို့ မြို့ကြီး
ပြကြီးကို ရောက်လာခဲ့တဲ့သူတွေ ရှိပါတယ်။ ကိုယ့်ရဲ့ အိပ် မက်ကိုယ်စီနဲ့ပေါ့။ ဘယ်လိုအချိန် ဘယ်ကာလမှာ ပဲမဆို ကိုယ့်ရဲ့ ဇာတိမြို့လေးကို လွမ်းတမ်းတစိတ်တော့ ဖြစ် မိတတ်ကြပါတယ်။

မြို့ပြမှာ အလုပ်တွေမောလို့ စိတ်ကြည်နူးစရာရယ် လို့
ပြန်တွေးမိရင် ကိုယ့်ဇာတိက ငယ်ဘဝတွေဆိုရင် မှားမယ် မထင်ပါဘူး။ အနုပညာရှင်တွေထဲမှာလည်း အနယ် နယ်အရပ်ရပ်ကသူတွေ ရှိပါတယ်။ သူတို့တွေရော.. သူတို့ရဲ့ ဇာတိမြေကို ဘယ်လိုလွမ်းလဲဆိုတာ ဒီလိုပဲ
မေးဖြစ်ခဲ့သမျှ ဖော်ပြပေးလိုက်ပါတယ်။

ကျွန်တော်ရဲ့ မွေးရပ်ဇာတိက တောင်ကြီးမြို့ကပါ။ မွေးဖွားရာဇာတိနဲ့ ပတ်သက်ပြီး အမှတ်တရတွေကတော့ အများကြီးပဲ။ တောင်ကြီးမြို့က အေးချမ်းပြီး ညကျရင် မီးပုံလေးနဲ့ ဂစ်တာတီးပြီး သီချင်းဆိုခဲ့တဲ့ အချိန်တွေက ဘယ်လိုမှ အစားထိုးလို့ မရဘူး။ အချိန်တိုင်း အမှတ်ရတိုင်း လွမ်းမိနေတယ်။ မွေးရပ်မြေကိုတော့ သတိရတိုင်း သွားလိုက်လာလိုက်နဲ့ ပြန်ဖြစ်ပါတယ်။ ရာသီဥတု အရမ်းအေးတဲ့ အချိန်ဆိုရင် တောင်ကြီးမြို့ကို သတိရတယ်။
ဒီအချိန်ဆိုရင် တောင်ကြီးမြို့မှာ ဒီအတိုင်း နေလို့မရဘူးလေ။ အနွေးထည်၊ ဘွတ်ဖိနပ်၊ ခေါင်းစွပ်တွေနဲ့ နေမှ ရတာ။ ဆိုင်ကယ်စီးမယ်ဆိုရင်လည်း လက်အိတ်တွေဝတ်ပြီး စီးမှရတာလေ။ အခုလို အေးတဲ့ အချိန်လေးတွေ ကိုတော့ ပိုပြီး သတိရတယ်။

တောင်ကြီးက အမှတ်တရကတော့ တန်ဆောင်တိုင်ပွဲပဲ။ မီးပုံပျံပွဲတွေ၊ နောက်ပြီး နယ်ကနေ လာရောင်းတဲ့ စားသောက်ဆိုင်လေးတွေ ရှိတယ်။ ဝက်သားချဉ်၊ ဟင်းထုပ်တို့ ရှမ်းခေါက်ဆွဲတို့ကို အမြဲတမ်း စားဖြစ်တယ်။ သတိလည်း ရမိတယ်။ တောင်ကြီးမြို့က သူငယ်ချင်းတွေနဲ့ တွေ့ဖြစ်တယ်။ သတိရရင် သူတို့လည်း ရန်ကုန်ကို ဆင်းလာကြတယ်။ တောင်ကြီးမြို့ကို သွားတဲ့အခါကျရင်လည်း သူတို့နဲ့ တွေ့ဖြစ်တယ်။ တောင်ကြီးမြို့ကနေ အရမ်းအောင်မြင်သွားတဲ့ အနုပညာရှင်တွေ အများကြီးပဲ။ တကယ်တမ်းတော့ ဂီတကို တစိုက်မတ်မတ် လုပ်နေ ကြတဲ့ သူတွေချည်းပဲလေ။ အပေါ်ယံလုပ်တဲ့သူတွေ မရှိဘူး။ ဝါသနာ အရမ်းပြင်းပြကြတယ် လို့ မြင်ပါ တယ်။ ဒါကြောင့်လည်း တောင်ကြီးမြို့ကနေ အရမ်းအောင်မြင်တဲ့ အနုပညာရှင်တွေ ပေါ်ထွက်လာတာလို့ မြင်တာပေါ့။

0 မှတ်ချက်များ for "တောင်ကြီးမှာ မီးပုံလေးနဲ့ ဂစ်တာတီးတဲ့ အချိန်တွေက အစားထိုးလို့မရဘူး 'သအို'"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++