ဒုံးကျည်များ အီရန် စမ်းသပ်ပစ်ခတ်

အနောက်နိုင်ငံ များနှင့် တင်းမာ မှုများဖြစ်ပေါ်နေစဉ် မှာပင် အစ္စရေးနိုင်ငံအား လှမ်း၍ ပစ်ခတ်နိုင်သော တာလတ်ပစ် ဒုံးကျည်များကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ် ခဲ့ကြောင်း အီရန် အစိုးရကပြောကြားသည်။

အီရန်၏ အငြင်းပွားနေသောနျူကလီးယား အစီအစဉ် အား ရပ်ဆိုင်းရန် သံတမန်ရေး အရကြိုးပမ်းမှုများ မအောင်မြင်ခဲ့ပါက အီရန်နိုင်ငံအား တိုက်ခိုက်နိုင်
ကြောင်း အစ္စရေးက ပြောကြားထားသည်။ 

အမေရိကန်နိုင်ငံကလည်း စစ်ရေးလမ်းကြောင်းမှာ ရွေးချယ်စရာ တစ်ခုဖြစ်သော်လည်း နိုင်ငံတကာက စီးပွားရေးပိတ်ဆို့တားဆီးမှုများ အကောင်အထည် ဖော်နေစဉ် စိတ်ရှည်ရှည်ထားရန် အစ္စရေးနိုင်ငံအား ထပ်ခါထပ်ခါတိုက်တွန်းထားသည်။ ရှာဟက်ဘ်-၁ နှင့် ရှာ ဟက်ဘ်-၂ ဒုံးကျည်များနှင့်အတူ ရှာဟက်ဘ်-၃ ဒုံးကျည်ကိုပါ စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင် ဏမနျ ရုပ်သံကပြောကြားသည်။

ရှာဟက်ဘ်-၃ ဒုံးကျည်မှာ မိုင်ပေါင်း ၈၀ဝ (ကီလိုမီတာ ၁ç၃၀ဝ) အထိ ရောက်ရှိနိုင်ပြီး ယင်းမှာ အစ္စရေး နိုင်ငံအား လက်လှမ်းမီသောအကွာအဝေးဖြစ်သည်။ အီရန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် တန်ဖိုးထားသော အရာများကို ကာကွယ် သွားရန် အီရန်က သံန္နိဌာန်ချထားကြောင်းကိုပြသရန် ယခုစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ ခြင်းဖြစ်သည်ဟု အီ ရန်တော်လှန်ရေးတပ်ဖွဲ့ဒုတိယအ ကြီးအကဲဟိုစိန်ဆာလာမီအား ကိုး ကား၍ Press TV ရုပ်သံကဖော်ပြသည်။
—Ref: Reuters

0 မှတ်ချက်များ for "ဒုံးကျည်များ အီရန် စမ်းသပ်ပစ်ခတ်"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++