(၁၂) ကြိမ်မြောက် ကယန်း အမျိုးသားနေ့ ကျင်းပ

ကယန်းပြည်သစ်ပါတီမှ ဦးစီးကျင်းပတဲ့ (၁၂) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ကရင်ပြည်နယ် လိပ်သို မြို့နယ်ခွဲ သောက်ကျေးရေခ ကျေးရွာတွင် စည်းကား သိုက်မြိုက်စွာ ကျင်းပပါသည်။

အခမ်းအနားတွင်ကယန်းစာပေနှင့်ယဉ်ကျေးမှု နာယက ဦးသန်းစိုးနိုင်၊ ကယန်းတိုင်း ရင်းသား ၀န်းကြီး ဦးလောရင်၊ မန္တလေးမြို့ မစိုးရိမ် တိုက်သစ်က အရှင်ဝီရသူ (မစိုးရိမ်)၊ ကရင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး၊၈၈ ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင် အသီးသီး အမှာစကား ပြောကြားပါသည်။

ထိုအခမ်းအနားသို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မိတ်ဆက်စကား အသံဖိုင် ပေးပို့ဖွင့်ပြခဲ့သလို ပေးပို့လာပေးသော အပစ်ခတ်ရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများ သ၀မ်လွှာများကိုလည်း ဖတ်ကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များ၊နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၈၈ ကျောင်းသားများ၊ ရန်ကုန်နိုင်ငံရေး ကျောင်းသားများ၊တိုင်းရင်းသား ဒီမိုကရေစီအင်အားစု ကိုယ်စားလှယ်များ၊ အပစ်ခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်များ၊ New Myanmar Foundation နှင့် ပြည်တွင်း ပြည်ပ သတင်းထောက်များ တက်ရောက်ခဲ့ကြပြီး ဒေသခံကယန်းပြည်သူအပါအ၀င် စုစုပေါင်း(၁)သောင်းကျော် တက်ရောက်ခဲ့ကြသည်။

0 မှတ်ချက်များ for "(၁၂) ကြိမ်မြောက် ကယန်း အမျိုးသားနေ့ ကျင်းပ"

ထင်မြင်ချက်များ နွေးဆွေး ဖလှယ်နိုင်ပါသည်။

"LIKE" နှိပ်ပါ၊ နေ့စဉ် တင်သမျှ သတင်းများကို အချိန်နှင့်တပြေးညီ ပို့ပေးမည်။

++ကယန်းသတင်းစဉ်++