အတု..တွေ
ပြုမယ်ပြင်မယ်ဒီဝိုင်းထဲ
တိုက်မယ်ခိုက်မယ်ဒီပွဲထဲ
အပေးအယူလုပ်မယ်ဒီကြားထဲ
အလျှော့အတင်းလုပ်မယ်ဒီလမ်းထဲ
ရေးမယ်ဆွဲမယ် ဒီအစည်းအဝေးထဲ။
ဘာလဲဟေ့
ဘယ်လဲကွ
ဘယ်သူတွေလဲ
ဘယ်လိုရည်ရွယ်ချက်လဲ
ဘာတွေလုပ်မှာလဲ။
ခေါင်းဆောင်အတု
ကိုယ်စားလှယ်အတု
ပြောင်းလဲရေးအတု
လူထုအတုတွေနဲ့
နိဂုံးချုပ်မယ့် ၂၀၁၄။
အခွင့်အရေးသမား
နိုင်ငံရေးကပြား
ပါတီဝါးဟားဟားတွေနဲ့
မြင်နေရတယ်
ဒီနှစ်ထောင့်တစ်ဆယ် (၂၀၁၀)။

0 မှတ်ချက်များ for "အတု..တွေ"